BEC-TERO TV

အထီးကျန်တဲ့အမျိုးသမီးတွေကို အဖော်လုပ်ပေးရင်း အမျိုးသမီးတွေရဲ့ တောင့်တမှုအစစ်က ဘာလဲဆိုတာ ဖွင့်ချပြခဲ့တဲ့ ဘာလီကျွန်းက ကိုယ်ရံတော်

11 May 2017     1,389 Views


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုင်ငံတစ်ကာ အမျိုးသမီးခရီးသွားဧည့်သည်တွေအကြား ရေပန်းစားနာမည်ကြီးနေတဲ့ အမျိုးသားကိုရံတော်ဟာ အသက် ၂၅ နှစ်အရွယ် Steve ဆိုသူဖြစ်ပါတယ်။ သူ့ကိုအားလုံးက “Bali Boyfriend” လို့လည်း နာမည်ပေးထားကြပါသေးတယ်။ 
သူဟာ အမျိုးသမီးတွေနဲ့ ထိတွေ့စပ်ယှက်မှု ကျွမ်းကျင်တာ တစ်ခုထဲနဲတော့ ဒီလိုနာမည်ရခဲ့တာတော့ မဟုတ်ပဲ အခြားထူးခြားချက်တွေလည်း ရှိပါသေးတယ်။
 
Steve ကို ကိုယ်ရံတော်အဖြစ် ငှားရမ်းကြတဲ့ အမျိုးသမီးတွေဟာ အသက် ၃၅ ကနေ ၄၀ ကြားတွေဖြစ်ပြီး လိင်ပျော်ပါးမှုထက် အခြားအရာတွေကို အမျိုးသမီးတွေက ပိုပြီးတောင့်တကြကြောင်း သြစတြေးလျ​ဒေးလီးမေးလ်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။
 
သူ့ကိုငှားရမ်းကြသူတွေက သြစတြေးလျ၊ ဂျပန်၊ ကိုရီးယားနဲ့ အနောက်နိုင်ငံသူတွေ ဖြစ်ကြပါတယ်။ 
သူတို့တွေက သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မယ့် တစ်ယောက်ယောက်ကို လိုချင်ကြတာပါ၊ ပွတ်သီးပွတ်သတ် လိင်ကိစ္စကြီးပဲ သက်သက်မဟုတ်ဘူးဗျ
 
 
Steve အကျွမ်းကျင်ဆုံးအရာကတော့ အမျိုးသမီးတွေကို စိတ်ခံစားမှုတွေ သက်သာသွားအောင် စွမ်းဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက် သူ့ကို တစ်နာရီ ဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ သတ်မှတ်မထားပါဘူး သူတို့ကျေးနပ်လို့ ပေးသလောက်ပဲယူပါတယ်လို့ ဆိုပါတယ်။
 
ကျွန်တော်က ငွေကြေးကို မမျှော်လင့်ပါဘူး၊ သိပ်လဲ ဂရုမစိုက်ပါဘူး။ သူတို့ပေးချင်တဲ့ ဆန္ဒရှိရင် သူတို့ဟာသူတို့ ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်အတွက်တော့ ငွေရေးကြေးရေးအကြောင်း မတွေးတာက ပိုပြီးလွပ်လပ်ပေါ့ပါးတယ်လို့ ယူဆထားတယ်၊ ပြီးတော့ ကျွန်တော်က ငွေနောက်လိုက်တဲ့လူလဲမဟုတ်ပါဘူး
 
ဘာလီမှာ ကိုယ်ရ့တော်အဖြစ်လုပ်ကိုင်တာဟာ စီးပွားရေးကြောင့်မဟုတ်ပဲ လူတွေနဲ့ တွေ့ဆုံပြီး အပြန်အလှန်ထိတွေ့ ဆက်ဆံချင်တာကြောင့်လို့ဆိုပါတယ်။
 
မတူတဲ့လူတွေဆီကနေ ကျွန်တော်တစ်ခုခု အသစ်ကို အမြဲသင်ယူဖြစ်ခဲ့တယ်။ ပြီးတော့မှ အမျိုးသမီးတွေအေပ်ါမှာ ပိုပြီးကောင်းကောင်းမွန်မွန်ဖြစ်အောင် ဘယ်လိုဆက်ဆံရမလဲဆိုတာတွေ ပိုသိလာပါတယ်။ သူတို့တစ်ကယ်ဘာလိုအပ်နေတယ်၊ သူတို့ကို ဘယ်လိုဆက်ဆံစေချင်တယ် ဆိုတာတွေကိုပေါ့
 
အမျိုးသမီးတွေ ပျက်ဆီးရတဲ့အကြောင်းအရင်းက အမျိုးသားအများစု သိထားသလိုမျိုး မဟုတ်ကြောင်း သူရှာတွေ့ခဲ့ပါတယ်။ အမျိုးသမီဂတွေဟာ သူတို့ရဲ့ ချစ်သူ၊ ခင်ပွန်း၊ အဖော် ဆီကနေ တန်ဖိုးကြီးတဲ့ လက်ဆောင်ရတာတွေ၊ အပျော်ခရီးတွေအတူသွားရတာတွေထက် သူတို့ကို အာရုံစိုက်ပြီး၊ သူတို့ရဲ့အနားမှာ သူတို့ရဲ့ ခံစားချက်တွေကို မျှဝေခံစားပေးနိုင်တာကိုသာ ပိုပြီးလိုချင်တက်မက်တာဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
 
Steve ရဲ့ အလုပ်က အမျိုးသမီးတွေရဲ့အနားမှာ တစ်ခဏချစ်သူအဖြစ်နေပေးရင်း သူတို့ရဲ့ ခံစားချက်တွေကို အလိုသိပြီး နှစ်သိမ့်စေရတာဖြစ်ပါတယ်။ ချစ်သူတွေအတွက် အကောင်းဆုံးအချိန်ကတော့ ညနေဆည်းဆာနေဝင်တာလေးကိုကြည့်ရင်း ညစာစာအတူစားတာ၊ ကမ်းခြေမှာ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ထားရင်း ကြယ်တွေအတူကြည့်ကြတာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
သူ့ကို ငှားရမ်းတဲ့ အမျိုးသမီးက အဆင့်တက်ကာ အိပ်ယာပေါ်ခေါ်သွားမယ်ဆိုရင်လည်း အနူးညံ့အသိမ့်မွေ့ဆုံး ဖြစ်အောင် ဆန္ဒဖြည့်ဆည်းပေးဖို့ သူ့ဘက်က ကတိပေးနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
 
 
 
 

11 May 2017     1,389 Views




RELATED

Most Popular of Special or Others

Most Popular of Life Style