BEC-TERO TV

ဝေဖန်မှုကို ပြန်လည်ရှင်းပြလိုက်တဲ့ နေဒွေး

11 May 2017     1,683 Views


ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်နေဒွေးက လက်ရှိမှာတော့ “ဂုံးဆင်း ဂတုံး” အမည်ရှိ ဇာတ်ကားကိုရိုက်ကူးနေပြီး အဆိုပါဇာတ်ကားတွင်ပါဝင်သော ကတုံးပုံစံကြောင့်ပရိသတ်တစ်ဦးက ဝေဖန်ထားပါတယ်။

“ဘုန်းကြီး ၃ရက်ဝတ်​တာ အကြံနဲ့ကို ဒါနဲ့များ ကိုကြီးရယ်​ မိဘ​ကျေးဇူးဆပ်​တာတဲ့” ဆိုပြီး တော်ဝင်သူအချစ် အကောင့်ပိုင်ရှင်မိန်းကလေး က ဝေဖန်ထားသည်ကို နေဒွေးက“ဘာတွေလာပြောနေတာလဲညီမ ဘုန်းကြီးဝတ်ပီးထွက်လာလို့ ဂုံးဆင်းဂတုံးဖြစ်သွားတာ ဂတုံးမဟုတ်လဲဒီဇာတ်ကရိုက်လို့ရပါတယ်ညီမ” လို့ သေသေချာချာ ပြန်လည်ရှင်းပြထားပါတယ်။

သရုပ်ဆောင် နေဒွေး ရဲ့ ရဟန်းခံ အလှူမင်္ဂလာပွဲကို မေလ (၅) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်၊ ရွှေပေါက်ကံ၊ ရွှေပါရဂူ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့တာပါ။လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေလုပ်နေပြီး “ဂုံးဆင်း ဂတုံး” ဇာတ်ကားကို စစ်စေးတော သန်လျင်မှာ ရိုက်ကူးနေတာပါ။


11 May 2017     1,683 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment