ကြက်သားခုတ် လေ့ကျင့်နေတဲ့ အိချောပို
11 May 2017 1,635 Views

အမိုက်စားဘော်ဒီပိုင်ဆိုင်ထားသလို သရုပ်ဆောင်လဲကောင်းတဲ့ အိချောပိုက ကြက်သားသည်နေရာက သရုပ်ဆောင်ဖို့အတွက် ကြက်သားခုတ်တာနဲ့ ရောင်းပုံရောင်းနည်းတွေ လေ့လာနေပါတယ်။
ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် တစ်လုံးချိုင့် ရုပ်ရှင်ဇာတ်ကားက ကြက်သားသည် ကာရိုက်တာအတွက် ကြက်သားခုတ်ပုံခုတ်နည်းတွေသာမက အ၀တ်အစားတွေကအစ ဒါရိုက်တာလိုချင်တဲ့ပုံရအောင် ပြင်ဆင်ထားတယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေထားပါတယ်။
သရုပ်ဆောင်တဲ့အခါမှာလဲ ပုံစံလေးတွေမထပ်ဖို့ အိုက်တင်တွေကို ခွဲလုပ်တယ်ဆိုတဲ့ အိချောပို ဘယ်လို ကြက်သားရောင်းမလဲဆိုတာတော့ တစ်လုံးချိုင့် ရုပ်ရှင်ဇာတ်ကားမှာ စောင့်ကြည့်ပေးကြပါဦးနော်..
Source Credit : Popular





