လွှမ်းပိုင် အခွေထုတ်မယ့်ရက် နောက်ဆုတ်လိုက်ရတဲ့ အကြောင်းရင်း
11 May 2017 1,572 Views

မေလကုန်မှာ ဖြန့်မယ်ဆိုတဲ့ လွှမ်းပိုင်ရဲ့ ဒုတိယတစ်ကိုယ်တော်အခွေ ဂီတဗေဒ ထွက်မယ့်ရက်ကို တစ်လခန့် နောက်ဆုတ်လိုက်ပါတယ်။ နောက်ဆုတ်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ လွှမ်းပိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။
“ကျွန်တော် အခွေကို အကောင်းဆုံးဆိုတဲ့ အနေထားကိုပဲ ထုတ်ပေးလိုသောကြောင့် အခွေထုတ်ရက်ကို June လကို နောက်ဆုတ်ထားပါတယ်။ အားလုံးပဲ June လမှာ သီချင်းသစ်တွေနဲ့ တွေ့မယ်ဗျို့” လို့ လွှမ်းပိုင်ကပြောပါတယ်။
အခွေထွက်မယ့်ရက်တွေကတော့ ရန်ကုန် ဇွန်လ ၂၄ ရက်နဲ့ မန္တလေး ဇွန်လ ၂၅ ရက်တို့ ဖြစ်ပါတယ်။ လွှမ်းပိုင်ပရိသတ်တွေကတော့ စောင့်ရတာ လည်ပင်းရှည်နေကြပါပြီ။
မကြာခင်မှာလဲ လွှမ်းပိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ကြွေဆိုတဲ့ ရုပ်ရှင်ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ကားကြီးဆိုတော့ လွှမ်းပိုင်တစ်ယောက် ရင်တွေခုန်နေတယ်လို့ သိရပါတယ်။
Source and Photo : လွှမ်းပိုင်ဖေ့စ်ဘွတ်





