BEC-TERO TV

ယခုဘဏ္ဍာနှစ် ပထမဆုံးလတွင် ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာသန်း(၁၈၀၀)ကျော်ရှိ

11 May 2017     1,237 Views


ယခု(၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်ရဲ့ပထမဆုံးလဖြစ်တဲ့ ပြီးခဲ့တဲ့ဧပြီလမှာ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာသန်း(၁၈၀၀)ကျော်ရှိနေပြီး ဒါဟာပြီးခဲ့တဲ့(၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် အလားတူကာလကထက်အမေရိကန်ဒေါ်လာသန်း(၄၀၀)နီးပါး များလာတယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ(၂၈)ရက်အထိကောက်ယူခဲ့တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့စာရင်းအင်းတွေအရ ပင်လယ်ရေကြောင်းကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်းအမေရိကန် ဒေါ်လာသန်း(၁၄၀၀)ကျော်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုတန်ဖိုးကတော့ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရှိနေတာပါ။

မြန်မာနိုင်ငံအနေနဲ့ လယ်ယာထွက်ပစ္စည်းတွေ၊တိရစ္ဆာန်ထွက်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေနဲ့သတ္တုတွင်းထွက်ပစ္စည်းတွေအပြင် သစ်တောထွက်ပစ္စည်းတွေနဲ့ စက်မှုကုန်ချော ပစ္စည်းတွေကို ပြည်ပကို အဓိကတင်ပို့ခဲ့တာဖြစ်ပြီး အဲ့ဒီပို့ကုန်တန်ဖိုးစုစုပေါင်းဟာ အမေရိကန် ဒေါ်လာသန်း(၇၀၀)ကျော်ရှိတယ်လို့ စာရင်းအရသိရပါတယ်။ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကိုအဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေနဲ့ လုပ်ငန်းသုံးကုန်ပစ်္စည်းတွေအပြင် လူသုံးကုန်ပစ္စည်းတွေကို အဓိကထားတင်သွင်းခဲ့ပြီး တင်သွင်းကုန်တန်ဖိုး စုစုပေါင်းဟာ (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ် ပထမတစ်လဖြစ်တဲ့ ဧပြီလမှာ အမေရိကန်ဒေါ်လာသန်း (၁၀၉၀)ကျော်ရှိတယ်လို့သိရပါတယ်။အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်အပြင် ထိုင်းနိုင်ငံတွေနဲ့မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာသန်း(၄၂၀)ကျော်ရှိပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ(၁၀)သန်းကျော်ပိုများတယ်လို့သိရပါတယ်။


11 May 2017     1,237 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS