BEC-TERO TV

ကလေးကိုယ်ပူရင် ပြာယာခတ်မသွားပါနဲ့ ဒီလိုမျိုး ပြုစုပေးပါ …

11 May 2017     3,650 Views


ကလေးငယ် အသက်ခြောက်လအောက် ကလေးတွေဟာ ၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၇ ဒဿမ ၇ ဒီဂရီစင်တီဂရိတ်) အထက်မှာ ကိုယ်ပူချိန်ကြာရင် တက်တတ်ပါတယ်။
 
အရင်ဆုံး ကလေးကိုယ်ပူနေတယ် ထင်ရင်
 
(၁) အဖျားတိုင်းကြည့်ပါ။ မသေချာဘူးထင်ရင် မိနစ်နှစ်ဆယ်ကြာရင် နောက်တစ်ခါ ထပ်တိုင်းပါ။
 
(၂) ကလေးကို အိပ်ခန်းထဲမှာ ချည်ထည်ပါးပါး အဝတ်များသာ ဝတ်ထားပေးပါ။
 
(၃) ကိုယ်ပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) ထက်မြင့်နေရင် ရေဖတ်တိုက်ပေးရပါမယ်။ ရိုးရိုးရေနဲ့ အရည်စုပ်အားကောင်းပြီး နူးညံ့တဲ့ပိတ်စနဲ့ တစ်ကိုယ်လုံး ရေဖတ်တိုက်ပေးပါ။ ရေဖတ်ဝတ်နွေးသွားတိုက် အေးတဲ့ရေဖတ်ဝတ်နဲ့ လဲပြီး ရေဖတ်တိုက်ပေးပါ။
 
(၃) ၅ မိနစ်တစ်ခါလောက် ကိုယ်ပူချိန်တိုင်းပေးပါ။ ၁၀၀ ဒဿမ ၄ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်) ထိကျဆင်းလာပြီဆိုရင် ရေဖတ်တိုက်တာ ရပ်လို့ရပါပြီ။
 
ရေခဲရေလို အေးစက်လွန်းတဲ့ ရေအေးအေးနဲ့ ရေဖတ်တိုက်ရင် အအေးရှိန်ကြောင့် သွေးကြောတွေ ကျုံ့ပြီး ကိုယ်ထဲက အပူက အပြင်ကိုထွက်မသွားနိုင်ဘဲ ကိုယ်ပူချိန် ပိုတက်စေနိုင်ပါတယ်။ ဒါကြောင့်ရေဖတ်တိုက်တဲ့အခါ ရေခဲရေလို အေးစက်လွန်းတဲ့ ရေမျိုးသုံးပြီး မတိုက်သင့်ပါဘူး။
 
(၅) ကိုယ်ပူချိန် ကျမလာဘူးဆိုရင် ပါရာစီတမော တိုက်ပါ။ အက်စပရင်ပါတဲ့ဆေးကို အသက် ၁၂ နှစ်အောက် ကလေးတွေကို မတိုက်သင့်ပါ။ ရေကျောက် ၊ တုပ်ကွေးဖြစ်တဲ့ ကလေးလူနာတွေကို အက်စပရင်မတိုက်မိဖို့ အရေးကြီးပါတယ်။
 
(၆) ရေဓာတ် ခမ်းခြောက်မှု မဖြစ်အောင် အရည်နည်းနည်းဆီ မကြာခဏ ချော့ပြီး တိုက်ပေးပါ။
 
ခြောက်လအောက် ကလေးငယ်ဆိုရင်တော့ ကိုယ်ပူကြီးရင် ဆရာဝန်ထံ အမြန်ပြသင့်ပါတယ်။ ကလေးတက်နေရင် ၊ တက်ဖူးတဲ့ ကလေးဆိုရင် ၊ တက်တတ်တဲ့ မျိုးရိုးရှိလျှင် ၊ ၂၄ နာရီကျော်တဲ့အထိ ကိုယ်ပူမကျရင် ၊ သံသယစိတ်ရှိနေရင် ချက်ချင်းဆရာဝန်ထံ ပြသသင့်ပါတယ်။
 
Ref : ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် (ဒေါက်တာမာမာဆွေ)
 
 

11 May 2017     3,650 Views




RELATED

Most Popular of Health Fix

Most Popular of Life Style