BEC-TERO TV

တောင်းတရာဆန္ဒ ရချက်ပြည့်မြောက်စေတဲ့ Music Box

11 May 2017     1,468 Views


Wish Upon (ဆန္ဒ ရချက်)
 
ခြောက်ခြောက်ခြားခြား သရဲကား နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုဘာကြောင့်ကြည့်သင့်လဲဆိုတော့က “ဆန္ဒ”ကြောင့်ပါ။ဇာတ်ကားနံမည်ကတော့ Wish Upon ပါ။ဒီဇာတ်ကားအမြည်းမှာ မှတ်မှတ်ရရဖြစ်စေတဲ့အချက်က Annabelle ဇာတ်ကားရိုက်ချက်တွေနဲ့ဆင်တူနေတာပါ။ တူမှာပေါ့ ဒါရိုက်တာတစ်ယောက်တည်းပဲလေ…ဒါရိုက်တာ John R. Leonetti ကအခုလို စိတ်နယ်လိုဖြစ်ရပ်ဆန်းဇာတ်ကားတွေနဲ့အတော်လေး ရင်းနှီးကျွမ်းဝင်လေ့ရှိသူပါ။

သူနဲ့ပတ်သက်တဲ့ ဇာတ်ကားတွေကတော့
 
1991   Child's Play 3                   
 
1993   Hot Shots! Part Deux        
 
1994   The Mask               
 
1995   Mortal Kombat       
 
1996   Spy Hard     
 
1997   Mortal Kombat: Annihilation                 
 
1999   Detroit Rock City              
 
2001   Joe Dirt                 
 
2002   The Scorpion King  
 
2003   Honey         
 
2004   Raise Your Voice              
 
2005   The Perfect Man
 
2006   The Woods            
 
2006   The Butterfly Effect 2       
 
2007   Dead Silence          
 
2007 I Know Who Killed Me                  
 
2007 Death Sentence       
 
2010   Ca$h
 
2010 Piranha 3D    
 
2010 Super Hybrid
 
2011   Insidious                
 
2011 Soul Surfer              
 
2013   The Conjuring        
 
2013 Insidious: Chapter 2          
 
2014   Annabelle              
 
2016   Wolves at the Door          
 
2017   Wish Upon တွေပဲဖြစ်ပါတယ်။တော်တော်များများက စိတ်နယ်လွန်ဖြစ်ရပ်ဆန်းဇာတ်ကားတွေပါပဲ။
 
အထက်ပါ ဇာတ်ကားတွေထဲက Mortal Kombat: Annihilation ၊ The Butterfly Effect 2 ၊
Annabelle နဲ့ အခုထွက်ရှိမယ့် Wish Upon ဇာတ်ကားတွေကိုတော့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာပါ။ကျန်ဇာတ်ကားတွေ ကတော့ ဖလင်ဒါရိုက်တာအဖြစ်ပေါ့နောက်တစ်ချက် သတိထားမိတာကတော့ ကလေးသရုပ်ဆောင်ကနေ လူလတ်ပိုင်း သရုပ်ဆောင်အဖြစ် ပြောင်းလဲလာတဲ့ Joey King ပါ။ သူ့သရုပ်ဆောင်ချက်တွေကိုတော့Quarantine ၊ Oz the Great and Powerful ၊ The Conjuring ၊ White House Down နဲ့ Independence Day: Resurgence အစရှိတဲ့ဇာတ်ကားတွေမှာကြည့်ဖူးမှာပါ။

Wish Upon ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူ (Joey King) တစ်ယောက်က မမျှော်လင့်ထားတဲ့အခြေအနေနဲ့အခန့်မသင့်ဘဲ တေးဂီတ သေတ္တာလေးတစ်လုံးတွေ့ရှိခဲ့ပါတယ်။ မထူးခြားချက်ကတော့သူတွေ့ရှိခဲ့ရာ တေးဂီတသေတ္တာဆိုတာ သစ်သားနဲ့ပြုလုပ်ထားပြီး အဖုံးဖွင့်လိုက်ရင် တေးဂီတ အသံချိုမြမြထွက်ပေါ်လာတာပါ။ ထူးခြားချက်ကတော့ အဲ့သေတ္တာလုံးလေးက အံ့ဖွယ်တွေနဲ ့ပြည့်နှက်နေသလို ဆန်းကျယ်မှုအရ သူမအလိုရှိရာ ဆန္ဒ ရခုကို တောင်းဆိုစေပါတယ်...

သူမစိတ်ရှိတဲ့ဆန္ဒတွေပျော်ရွင်ဖွယ်ကောင်းအောင်၊ လူတကာထက်အောင်မြင်လာလေလေ.. သူပတ်ဝန်းကျင်ကလူတွေသေလေလေ…ဆိုတော့က..ဆန္ဒတွေကတရားပါ့မလား….


11 May 2017     1,468 Views




RELATED

Most Popular of Movies

Most Popular of Entertainment