BEC-TERO TV

မင်းသားလုပ်တော့မှာလား X-Box

12 May 2017     1,281 Views


X-Box ကတော့ မင်းသားလုပ်တော့မှာလားလို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။ ကောင်မလေးတွေကြားမှာရော ကောင်လေးတွေကြားမှာပါ ရေပန်းစားတဲ့ စတိုင်အလန်းနဲ့ အဆိုတော် X-Box က ဇာတ်ကား စုစုပေါင်း ၆ ကားလက်ခံထားတယ်လို့ သိရပါတယ်။

Duwun မှာ ဖော်ပြထားတဲ့ သတင်းအရ X-Box ဟာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားနဲ့ ဗီဒီယိုကား ၅ ကား လက်ခံထားပြီး MBC ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားတယ်လို့ ပြောပါတယ်။ ကိုယ့်မျက်နှာ ၊ ကိုယ့်အသံ ၊ ကိုယ့်ပုံစံ ကို ဗီဒီယိုရိုက်လိုက်တဲ့အခါ တီဗီထဲမှာ ဘယ်လိုပုံစံထွက်လာမလဲဆိုတာ အရမ်းသိချင်တယ်လို့လဲ ဖြေဆိုထားပါတယ်။

အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် အခက်အခဲအရမ်းရှိပြီး လောလောဆယ်တော့ ဇာတ်ကားတွေအများကြီး လေ့လာနေရသလို မှန်နဲ့ကြည့်ပြီး ကိုယ့်အမူအရာ ဘယ်လိုပုံစံဆိုတာ လေ့လာနေရတယ်လို့ ပြောပါတယ်။

သရုပ်ဆောင်အလုပ်ဟာ X-Box ရဲ့ ၀ါသနာတစ်ခုဖြစ်ပြီး စိန်ခေါ်မှုဖြစ်တာကြောင့် X-Box အတွက် ဒုတိယနေရာမှာ ရှိတယ်လို့ Duwun Media ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Credit : Duwun


 


12 May 2017     1,281 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment