BEC-TERO TV

ဘောလုံးအကျော်အမော် ဒေးဗစ်ဘတ်ခမ်း ရဲ့ ရုပ်ရှင်ဇာတ်ကား

12 May 2017     2,357 Views


ဘောလုံးလောကမှာ ဒေးဗစ်ဘတ်ခမ်းကို မသိသူမရှိသလောက် သမိုင်းတွင် နာမည်ကျော်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ဘောလုံးကန်တဲ့ စွမ်းရည်မှာ ပြိုင်စံရှားသလောက် ရုပ်ရည်ရူပကာကလဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။
 
ရုပ်ရှင်မင်းသားတွေကို ချောမောခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့ ဒေးဗစ်ဘတ်ခမ်းက King Arthur : Legend of the Sword ရုပ်ရှင်ဇာတ်ကားမှာ ဧည့်သည်အနေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဘတ်ခမ်းရဲ့ ဇာတ်ဝင်ခန်းက နှစ်မိနစ်ခန့်သာပါပေမယ့် ပရိသတ်ကို တကယ်ဆွဲဆောင်နိုင်တဲ့ သွင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာ တွေ့ရမှာပါ။
 
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၁၂ ရက်မှာ အနောက်နိုင်ငံတွေမှာ ရုံတင်ပြသမှာပါ။

12 May 2017     2,357 Views




RELATED

Most Popular of Movies

Most Popular of Entertainment