ဖရဲသီးခိုးစားသည်ဟုဆိုကာသုံးနှစ်အရွယ်ကလေးငယ်ကို ဓားဖြင့်မွှန်းသတ်သော အမျိုးသမီးကို ဖမ်းမိ
12 May 2017 1,421 Views

ဖရဲသီးခိုးစားသည်ဟုဆိုကာ သုံးနှစ်အရွယ် ကလေးငယ်၏ ၀မ်းဗိုက်ကိုဓားဖြင့် မွှန်းပြီး လည်ပင်းညစ်သတ်ကာ အလောင်းဖျောက်ရန်ကြံစည်ခဲ့သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးကို သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ၌ မတ် ၆ ရက် နံနက် ၁ နာရီက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကြည်လွင်က ပြောကြားသည်။အသတ်ခံရသည့် ကလေးငယ်မှာ ယင်းရပ်ကွက် ရွှေညောင်ပင်လမ်းတွင် နေသော မခတ္တာလှိုင်ဖြစ်ပြီး မတ် ၅ ရက် နံနက် ၁၀ နာရီခွဲက ၎င်း၏ သူငယ်ချင်းထံ သွားရောက်ကစားစဉ် ယင်းအိမ်မှဖရဲသီးကို ယူစားခဲ့သောကြောင့် ကစားဖော်၏ အမေဒေါ်စန္ဒာဝင်းက ဝမ်းဗိုက်ကို ဓားဖြင့်မွှန်းပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်များအရ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်မတ် ၅ရက်နေ့ကသန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနေ မသီရီကျော်(၂၁နှစ်)သည်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေစဉ်၎င်း၏သမီးဖြစ်သူ မ….(၃နှစ်)မှာပျောက်ဆုံးနေသဖြင့် နေအိမ်သို့ပြန်လာရှာဖွေစဉ်မိသားစုအား မေးမြန်းခဲ့သော်ပျောက်ဆုံးနေသောကလေးမှာတစ်ရွာတည်းနေ မစန္ဒာဝင်း၏သမီးနှင့် ကစားနေကြောင်း၊ကစားနေစဉ် ပျောက်ဆုံးနေသောကလေးမှာ ဖရဲသီးခိုးစားခဲ့သဖြင့် မစန္ဒာဝင်း၏သမီးဖြစ်သူက ပျောက်ဆုံးကလေးငယ်အဘွားကို တိုင်တန်ခဲ့သဖြင့်အဘွားဖြစ်သူမှ လျှော်ပေးမည်ဟုပြောဆိုခဲ့သည်။ထို့နောက်ပျောက်ဆုံးကလေးငယ်၏မိခင်ဖြစ်သူက မစန္ဒာဝင်းအိမ်ထံသွားရောက်မေးမြန်းရာနေအိမ်သို့လာရာက်ခြင်းမရှိဟုပြန်လည်ဖြေကြားခဲ့သည်။
ပျောက်ဆုံးကလေးငယ်မိခင်ကမသင်္ကာသဖြင့်စောင့်ကြည့်ခဲ့ကြောင်း၊စောင့်ကြည့်ရာတွင်အဆိုပါညသန်းခေါင်ယံလျှပ်စစ်မီးပျက်ချိန်တွင် မစန္ဒာဝင်းက အထုတ်တစ်ထုတ်ကို မချီကာအိမ်ထဲမှ ထွက်ခဲ့ချိန် လမ်းမပေါ်အရောက် လျှပ်စစ်မီးပြန်လာသဖြင့် အနီးအနားရှိ လူများနှင့်အတူ အဆိုပါအထုတ်ကိုဝိုင်းဝန်းစစ်ဆေးဖြေကြည့်ရာ ပီနန်အိတ်ထဲတွင် သုံးနှစ်အရွယ် ကလေးငယ်၏ ၀မ်းဗိုက်ကိုဓားဖြင့် မွှန်းပြီးလည်ပင်းညစ်သတ်ထားသည့် သေဆုံးနေသည့်ပျောက်ဆုံးကလေးငယ်ကို တွေ့ရှိခဲ့သည်။အဆိုပါပြစ်မှုကျူးလွန်သူကို သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။