BEC-TERO TV

ဂျာမန်အဆိုတော်နဲ့ အချစ်ဇာတ်ကားရိုက်မယ့် အိချောပို

12 May 2017     1,871 Views


ပရိသတ်အချစ်တော် မင်းသမီးလေး အိချောပိုက ဂျာမန်အဆိုတော်နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမယ်လို့ သိရပါတယ်။ အချစ်ဒရာမာ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားမှာ အိချောပိုကို ဧည့်လမ်းညွှန်ကောင်မလေးတစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အိချောပိုနဲ့ တွဲဖက်သရုပ်ဆောင်မယ့် ဂျာမန်အဆိုတော်ကတော့ Mikis ပါ။ Mikis ကတော့ မြန်မာစကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အွန်လိုင်းအသုံးပြုသူတွေနဲ့ မစိမ်းပါဘူး။ မြန်မာနိုင်ငံမှာ ဂီတအလုပ်တွေ လုပ်နေတဲ့ ဂျာမန်အဆိုတော်တစ်ယောက်ဖြစ်ပြီး Mikis ရဲ့ မြန်မာပရိသတ်တွေလဲ အခိုင်အမာရှိနေပါတယ်။

Mikis နဲ့ အိချောပိုတို့ရဲ့ ပါဝင်သရုပ်ဆောင်မယ့် ဒီဇာတ်ကားကို မန္တလေး ၊ စစ်ကိုင်း ၊ မုံရွာ နဲ့ တောင်ကြီးမြို့တို့မှာရိုက်ကူးမှာဖြစ်ပြီး အိချောပိုတက်ခဲ့တဲ့ ယဉ်ကျေးမှုကျောင်းက အိချောပိုရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ ဦးမျိုးဇော်အောင်က ရိုက်ကူးမှာဖြစ်တယ်လို့ The Voice သတင်းမှာ ဖော်ပြထားပါတယ်။

Credit : The Voice


12 May 2017     1,871 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment