BEC-TERO TV

တစ်မိနစ်၅၀ကျပ်ဖြင့် ထိုင်းနှင့်မလေးရှားသို့ ဖုန်းခေါ်ဆိုနိုင်

12 May 2017     1,880 Views


ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံသို့ MPT နှင့်အတူ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီလို့ သိရပါတယ်။ ဖုန်းခေါ်ဆိုရာတွင် ၇၅% အထိ သက်သာသော ဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်မှာဖြစ်ပြီး SMS ပို့ မယ်ဆိုရင်တော့ ၉၀% အထိတောင် ဈေးသက်သာမှာဖြစ်ပါတယ်။ ဤ၀န်ဆောင်မှုကို *2050# သို့ ဝန်ဆောင်ခ ၁၀၀၀ ကျပ်တည်းနှင့် ခေါ်ဆိုရယူနိုင်မှာဖြစ်ပြီး စတင်ရယူချိန်မှစ၍ ရက်၃၀ အတွင်း ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံ သို့ ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်ကို ၅၀ ကျပ် နှင့် SMS ပို့ ရာတွင် ၁၅ ကျပ်သာကျသင့်သွားမှာဖြစ်ပါတယ်။

ထို့ကြောင့် ထိုင်းနှင့်မလေးရှာကို တစ်မိနစ် ၅၀ကျပ်နဲ့ဖုန်းခေါ်ဖို့ *2050# ကိုဖုန်းခေါ်ရပါမယ်။အဆိုပါဝန်ဆောင်မှု ရယူခြင်းအတွက် ၀န်ဆောင်ခက ၁၀၀၀ ကျသင့်မှာပါ။ဝန်ဆောင်မှုကို ရက်၃၀အတွင်းအသုံးပြုနိုင်သလို ထိုင်းနှင့်မလေးရှားရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆိုခေါ်ယူနိုင်ပါတယ်။


12 May 2017     1,880 Views




RELATED

Most Popular of Special or Others

Most Popular of NEWS