BEC-TERO TV

ရုပ်ရှင်ဆင်ဆာပွဲ ပြသအပြီး ချီးကျူးသံတွေထွက်ခဲ့တဲ့ “၀ိညာဉ်စိမ်း”

12 May 2017     1,525 Views


“ ကျွန်တော် အနုပညာ ပြချက် အတွက်

ဒါရိုက်တာ ကြေး မယူ ဘဲလည်း ဇာတ်ကား များစွာ

ရိုက်ခဲ့ ဘူးပါရဲ့ ။

အနုပညာ ပြချက်လေး ပို လို့ စစ်မှန်စေဖို့  ကိုယ် ငွေ ကို ပြန်ထည့်

ရိုက်ခဲ့ဘူးပါ ရဲ့ ။

ကိုယ် ဖန်တီးထားတဲ့ အနုပညာ ကို ပထမ တစ်ကြိမ် ဖျက်ဆီးလို့ 

နှောင့် နှေး စေခဲ့သူ ခုတစ်ခါ ဒုတိယ အကြိမ် စော်ကားခွင့် မပေး

နိုင်လို့  ငါ ပိုက်ဆံ ငါစိုက်လို့ ပြင်ဆင်ခွင့်လေး ပေးပါ ဆိုတာတောင်

အခွင့် အရေး က မှုန်းဝါး ဝါး။

စိတ် ကို တည်ငြိမ်အောင် ထိန်းလို့ 

လက်တွဲ ဖေါ် ကင်မရာ တစ် လုံး နဲ့ 

လူတွေ နဲ့ ဝေးရာ ထွက်လာခဲ့မိတယ်။

ကျွန်တော့် တစ်ဘဝလုံး အနုပညာ ပြချက် အတွက်

ဖိနပ် ပါးအောင်းရုန်းကန် နေခဲ့ရ ဆယ်စုနှစ် (၂)ခု တိုင်ခဲ့ပါပြီ။

ကျွန်တော့်ဇာတ်ကားတွေ ရုံမတင်နိုင်တာ နှစ်ချီလာတော့

အားပေးသံတွေတိတ်ဆိတ် နေချိန်မှာ (ပြုံးရွှင်ရေပျော်ရဲ့ လား)

ဇာတ်ကားလေး အတွက်တစ်ကြိမ်။

ယခု ဒုတိယ အကြိမ် (ဝိညာဉ်စိမ်း)အတွက်

ဆင်ဆာ ရှိုး အပြီး ချီးကျုး သံတွေ ကြားရတာ

ညစ်နေတဲ့ စိတ်လေး ခေါင်းပြန်မော့ ခဲ့ပါတယ်။

အားပေးစကား လှမ်းပြော ပေး တဲ့ အတွက်

အထူးကျေးဇူးတင်ပါတယ်..” လို့ ဒါရိုက်တာဝင်းထွန်းထွန်းက သူ့ဖေ့ဘွတ်မှာတင်ထားပါတယ်။

Myanmar Media 7 ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးခဲ့သည့် ၀ိညာဉ်စိမ်း ဇာတ်ကားကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်ကစပြီး ပုပ္ပါးနယ်ဘက်မှာ စတင်ရိုက်ကူးခဲ့တာပါ။ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ရွှေမန်း( ချမ်းသာ) ကရေးသားထားပြီး ဇာတ်ညွှန်းကို ငြိမ်းမင်းက ရေးသားထားပါတယ်။ ၀ိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ဇော်ဦး၊ ဇော်ဝင်းနိုင်၊ မေတ္တာ၊ ကင်းကောင်၊ K ညီ၊ မွန်လေး၊ ဂွမ်းပုံကြီး စတဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။


12 May 2017     1,525 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment