BEC-TERO TV

Miss Grand International မှာအပြိုင်ကျဲကြမယ့် သူတို့ နှစ်ယောက်

12 May 2017     1,784 Views


မြန်မာနိုင်ငံ မှာ အထင်ကရ Miss တွေ ဖြစ်ကြတဲ့ ရွှေအိမ်စည်နဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေတို့ဟာ အောက်တိုဘာ ၂၅ ရက်နေ့ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်မယ့် Miss Grand International 2017 ပြိုင်ပွဲကြီးမှာ အတူယှဉ်ပြိုင်ကြမှာလဲ ဖြစ်ပါတယ်။

ဗီယက်နမ် မင်းသမီးလေး ငုရင်ဟာ မြန်မာနိုင်ငံမှာ မြန်မာမီဒီယာဆဲဗင်းရဲ့ ကမ်းလှမ်းမှုနဲ့ အနုပညာလှုပ်ရှားမှုတွေများစွာ လုပ်ကိုင်နေတဲ့ Miss တစ်ယောက်လဲ ဖြစ်ပါတယ်။ လက်တလောမှာ နေတိုး၊ထွန်းထွန်း ၊ ခင်ဝင့်ဝါ တို့နဲ့ အတူ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။

ရွှေအိမ်စည် ကလဲ မြန်မာပရိတ်သတ်တွေကြားထဲ ဖက်ရှင်ကအစ အားပေးတဲ့ သူ အခိုင်အမာရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ငုရင် နဲ့ ယှဉ်ပြိုင်ရမယ့် အပေါ် ရွှေအိမ်စည်က “ပြိုင်ဘက်အနေနဲ့ ဘယ်လိုမှ မမြင်ပါဘူး ။ ကိုယ်လဲ ကြိုးစားနေသလို သူလဲ ကြိုးစားနေတယ် ။ သူနဲ့ အတူ ဗီယက်နမ်မှာဆုံမယ် တွေ့ကြမယ် ။ အရမ်းကြီးကြီးမားမားကြီးတော့ ခေါင်းထဲမှာ ထည့်မထားဘူး။ပရိတ်သတ်တွေကတော့ စိတ်ပူနေကြတယ်။ သူရဲ့ ဖန်တွေတောင်တာရော၊ တခြား ဘာလို့ လဲ တော့မသိဘူး ညီမခေါင်းထဲမှာတော့စိတ်ပူစရာတွေ ရှိတယ် ၊စိုးရိမ်စရာတွေ ရှိတယ် ။သူကတော့ စိတ်မပူရတဲ့ အထဲမှာပါတယ်” လို့ ပြောထားပါတယ် ။

ပြိုင်ပွဲမှာ Talent ထက်လူမှုဆက်ဆံရေးကို အဓိကထားယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲအတွက်ပြင်ဆင်မှု အနေနဲ့ “စစ်ပွဲတွေအကြောင်းကိုနိုင်ငံနဲ့ ချီပြီးပြောလည်းရသလို ကမ္ဘာနဲ့ ချီပြီးပြောလဲပြောရတာပေါ့ ။ ညီမအနေနဲ့ ကမ္ဘာနဲ့ချီပြီးပြောစရာမလိုဘူး မြန်မာနိုင်ငံ အတွင်းမှာပဲ အများကြီး ရှိတဲ့ အတွက်ကြောင့်ကိုယ့် နိုင်ငံ အတွင်းမှာပဲ ပြောစရာ ရှိတယ် ။အဲ့ဒိအတွက်ကြောင့် စာအုပ်တွေဖတ်တာထက် ကိုယ်တိုင်ထိတွေ့ခွင့်ရအောင်ခရီးသွားဖို့လဲ စီစဉ်ထားပါတယ်။ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးလှူရင်းနဲ့ စစ်ဘေးသင့်တဲ့ နေရာတွေသွားပြီး လေ့လာဖို့ ရှိတယ်” လို့ပြောသွားခဲ့ ပါတယ်။

ဗီယက်နမ်ကိုယ်စားပြု ငုရင် နဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ရွှေအိမ်စည် တို့ Miss Grand International 2017 ပြိုင်ပွဲကြီးမှာဘယ်သူက ရလဒ်ပိုကောင်းမလဲ ဆိုတာ ပရိတ်သတ်တွေကတော့ အခု အချိန်ထဲ က စိတ်ဝင်စားနေကြပါပြီ ။

Credit:the standard time


12 May 2017     1,784 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment