BEC-TERO TV

ခန္ဓာအစိတ်အပိုင်းကြောင့် ပိုမိုထင်ရှားကျော်ကြားသူများ

12 May 2017     1,287 Views


ဒိတ်ဒိတ်ကြဲတွေကြားကဆယ်လီဆိုတာကြိုးစားမှု၊ပါရမီ၊စန်းနဲ့တည်ရှိနေတာပါ။အခုတစ်ခေါက်မှာတော့ ကိုယ်ပိုင်ဟန်ပန်နဲ့ ကျော်ကြားသူ ၈ယောက်ကို ဖော်ပြလိုက်ပါတယ်.သူတို့၈ယောက်က ကိုယ်ပိုင်ခန္ဓာ အစိတ်အပိုင်းကြောင့် ရှိရင်းစွဲထက်ပိုမိုကျော်ကြားသူ ပါ။ဆိုတော့က ဘယ်သူတွေလဲဆိုတာ ကြည့်ကြရအောင်..

Kylie Jenner နှုတ်ခမ်း

မြင်သူတိုင်းချီးကျူးလေ့ရှိတဲ့ သူ့နှုတ်ခမ်းစွဲမက်ဖွယ်ကတော့ အတော်လေး ရင်တုန်စရာပါ။နှုတ်ခမ်းနဲ့တင် ပုရိသတွေတင်မကပါဘူး၊ရှော်တီလေးတွေပါ ကြွေဆင်းကုန်ရော…

Cara Delevigne မျက်ခုံး

ကြည့်လိုက်ရုံနဲ့ ရူးခါသွားမယ့် စွမ်းအင်ပြည့်မျက်ခုံးပါ။မျက်ခုံးအလှ၊အထူကြောင့်လည်းနဂိုရှိရင်စွဲထက် စွဲဆောင်နေပါတယ်။

Julia Roberts အပြုံး

သူ့အပြုံး၊သူ့အကြည့်အောက်မှာ ပုရိသတွေကြွေကျကုန်တောမနည်းမနှောပေ။သူ့အပြုံးကြောင့် မြင်သူတိုင်းသူ့ကိုမှတ်မိနေမှာအသေအချာပါပဲ။

Kim Kardashian တင်

အထူးညွှန်စရာမလိုလောက်အောင် သူကကျော်ကြားလွန်းပါတယ်။အထူးသဖြင့်သူတို့ညီမတွေအကုန်လုံးက တင်လှသူတွေလို့ ပြောကြသလို လုံးကြီးပေါက်လှ၊အကိတ်ဆိုတာ အဲ့ညီမတွေကိုသာကြည့်ပေတော့..

Miley Cyrus ဗိုက်

တစ်ချက်တော့ကြည့်မိမှာအမှန်ပဲနော်..မွီးတွေကငေး၊ကွီးတွေကငမ်းလောက်တဲ့အထိဘ၀ပေးကုသိုလ်ကံကောင်းချက်ကတော့ မြင်တိုင်းအတိုင်းပါပဲ။

Christina Hendricks ရင်သား

မြင်တဲ့အတိုင်းပါပဲ။တစ်ခုသောအင်တာဗျူးမှာ သတင်းထောက်ကမေးပါသေးတယ်။ Christina Hendricks ရဲ့ရင်သားတွေက အစစ်ဖြစ်ပါရဲ့လားဆိုတော့ “မထိမကိုင်ရတိုင်း အတုလို့ပြောနေကြတာလား၊ ဒီရင်သားကြီးမားမှုအတွက် အခက်အခဲတွေငါမှာရှိပေမယ့် ဒီအရာတွေကိုငါချစ်ပါတယ်”လို့ဖြေကြားခဲ့ပါတယ်။

Jared Leto ဆံနွယ်

ယောင်္ကျာပီပီ Jared Leto ဆံပင်က ကောင်းခြင်းအင်္ဂါတွေနဲ့ချီးမွမ်းထိုက်ပါတယ်။တကယ်လို့သူသာဆံပင်ညှပ်လိုက်ရင် ဘယ်သူ့မှ သူ့ကိုမှတ်မိမှာမဟုတ်တော့ပါဘူး။

Cindy Crawford မှဲ့

ရိုးရှင်ပေမယ့် Cindy Crawford ဆိုတာ မှဲ့လေးကြောင့် ပိုထင်ရှားစေပါတယ်။Admin အကြိုက်ဆုံးအနုပညာရှင်ဖြစ်သလို ပြင်သစ်စကားပုံလေးကို သွားသတိရမိတယ်လေ။ “မှဲ့များသည် အလှအပ အစက်အပြောက်လေးတွေသာဖြစ်လတ္တံ”

ကဲ ဘယ်ဆယ်လီကို ပိုကြိုက်လဲ


12 May 2017     1,287 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment