BEC-TERO TV

ဆယ်ကျော်သက်အမေဖြစ်သွားတဲ့ သက်မွန်မြင့်

12 May 2017     2,102 Views


အကယ်ဒမီဆုရှင်သက်မွန်မြင့်တစ်ယောက် ယွန်းယွန်းနဲ့အတူ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ရိုက်ကူးနေတဲ့ ဇာတ်ကောင်စရိုက် အရ သက်မွန်မြင့်က ဆယ်ကျော်သက်အမေနေရာကနေ ပါဝင်သရုပ်ဆောင်လျက်ရှိတာကိုတွေ့ရပါတယ်။

“ ဆယ်ကျော်သက်အမေပေါ့
ဆံပင်ရှည်လေးနဲ့ မျက်မှန်လေးတပ်
ဒါက ဝနေတာနဲ့ အမေလုပ်ရတာ ပိုအဆင်ပြေသေး
အမေနေရာကပဲ ရိုက်တော့ရင်ကောင်းမလားသိဘူး
စားချင်တာစားလို့ရအောင်
ဟီးဟီးးး…” လို့ ပြောထားပါတယ်။

သက်မွန်မြင့်ပရိသတ်တစ်ယောက်ကတော့ “မမ ဘယ်လိုပဲ ဖြစ်ဖြစ် ညလေးတို့ကတော့ ချစ်ပီးသားပဲ ဒါပေမယ့် မမရယ့် ဝိတ်ချပီး အရင်လို ကားတွေပြန်ရိုက်ပါနော်......” လို့ တိုက်တွန်းထားပါတယ်။

 


12 May 2017     2,102 Views




RELATED

Most Popular of Special or Others

Most Popular of NEWS