BEC-TERO TV

စင်ကာပူမှာပါ အခွေပရိုမိုးရှင်းလုပ်မယ့် X-Box

12 May 2017     1,247 Views


မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တော့မယ့် အဆိုတော် X-Box က သူ့ရဲ့ 9 Album MTV ကို သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၂၀ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီး အခွေပရိုမိုးရှင်းကိုတော့ ရန်ကုန် ၊ မန္တလေး နဲ့ စင်ကာပူတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခွေပရိုမိုးရှင်းတွေကို ရန်ကုန်မှာ မေလ ၂၀ ရက် ညနေ ၅ နာရီ Junction Square Outdoor Area ပြုလုပ်မှာဖြစ်ပြီး မန္တလေးမှာတော့ မေလ ၂၁ ရက် ညနေ ၅ နာရီကနေ ည ၉ နာရီထိ မင်္ဂလာမန္တလေးမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စင်ကာပူမှာတော့ မေလ ၂၇ ရက် ညနေ ၆ နာရီကနေ ၁၁ နာရီထိ ပင်နီဆိုးလား ပလာဇာက မြနန္ဒာစားသောက်ဆိုင်မှာ စင်ကာပူက ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အခွေလဲရောင်းသွားမယ်လို့ Duwun သတင်းမှာ ဖော်ပြထားပါတယ်။

Credit : Duwun


 


12 May 2017     1,247 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment