နင်ဂျာအစစ်တွေရဲ့ စွမ်းရည်တွေကို တွေ့မြင်ရမယ့် နင်ဂျာဖျော်ဖြေပွဲ (၀င်ကြေးအခမဲ့ )
15 May 2017 1,794 Views

ဂျပန်နိုင်ငံမှ နင်ဂျာအဖွဲ့က မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ နင်ဂျာဖျော်ဖြေပွဲ လာရောက်ကျင်းပမှာဖြစ်ပြီး ဒီပွဲမှာ နင်ဂျာအစစ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ရမှာဖြစ်ပြီး ကြည့်ရှုသူများကိုယ်တိုင် လက်နက်ပုန်းများ ပစ်ကြည့်နိုင်မှာဖြစ်ပါတယ်။
ဒီပွဲမှာ နင်ဂျာယဉ်ကျေးမှု ၊ ဂျပန်ယဉ်ကျေးမှုကိုလဲ ပြသလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ Japan Culture House တို့ ပူးပေါင်း၍ RAI FU JIN နင်ဂျာအဖွဲ့ကို ဖိတ်ခေါ် ကျင်းပပေးတာ ဖြစ်ပါတယ်။
နင်ဂျာဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ မေလ ၂၁ ရက် နံနက် ၁၀ နာရီ MICT Park မှာ ကျင်းပမှာဖြစ်ပြီး မန္တလေးမှာ မေလ ၂၃ ရက် နံနက် ၁၀ နာရီ နဲ့ နေ့လည် ၂ နာရီ မန္တလေးမြို့တော် ခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
.jpg)
Source : 7Day Daily
Photo Credit : ဂျပန်သံရုံး







