ချစ်သူလိုရော သူငယ်ချင်းကောင်းလိုရော ပျော်စရာကောင်းတယ်ဆိုတဲ့ အမွန်းရဲ့ အချစ်ရေး
15 May 2017 1,483 Views

အဆိုရော အကရောကောင်းတဲ့ နိုင်ငံကျော် တေးသံရှင် အမွန်းကတော့ လက်ရှိသူ့ရဲ့အချစ်ရေးက အရမ်းကိုပျော်စရာကောင်းတယ်လို့ ဖွင့်ဟပြောပြထားပါတယ်။
အမွန်းက သူ့ချစ်သူနဲ့ အရမ်းကိုချစ်ကြတဲ့ ချစ်သူအနေနဲ့ရော၊ သူငယ်ချင်းကောင်းတွေ အနေနဲ့ရော အရမ်းကို ပျော်နေပြီး နောက်ထပ်တစ်ဆင့်တက်မယ်ဆိုရင်တော့ ပရိသတ်ကို အရင်ဆုံးအသိပေးမယ်လို့ 7Day Daily မှာ ဖြေဆိုထားပါတယ်။
လောလောဆယ် မင်္ဂလာဆောင်ဖို့ အစီအစဉ်မရှိသေးဘဲ အလုပ်တွေအများကြီးလုပ်ဦးမယ်ဆိုတဲ့ အမွန်းရဲ့ ချစ်သူသက်တမ်း တစ်နှစ်ကျော်ပါပြီ။ ပျော်နေတဲ့အမွန်းကိုကြည့်ပြီး ပရိသတ်ကြီးလဲ ၀မ်းမြောက်နိုင်ကြပါစေ။
အမွန်းက လက်ရှိမှာ ‘ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသလို နှစ်လယ်လောက်မှာ အခွေထွက်ရန် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

Credit : 7Day Daily
Photo : အမွန်းဖေ့စ်ဘွတ်





