BEC-TERO TV

အရက်ကြောင် ကြောင်လို့ ကုတင်ချင်းကပ် လူနာကိုတုတ်ဖြင့်ရိုက်သတ်

15 May 2017     1,613 Views


အရက်ကြောင် ကြောင်ပြီး ကုတင်ချင်းကပ်လျှက် လူနာအား တုတ်ဖြင့် ရိုက်သတ်မှုမကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်က မကွးတိုင်းဒသကြီး ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာနေ ဦးတင်ဆောင်သည် ကျန်းမာရေးမကောင်းသဖြင့် ဆိပ်ဖြူဆေးရုံတွင် ဆေးရုံတက် ကုသနေစဉ် ကုတင်ချင်းကပ်လျက်မှ ဆိပ်ဖြူမြို့ ရွာသစ်ရပ်နေ အောင်မြင့်နိုင် (ဘ) ဦးလှအောင် အရက်စွဲရောဂါဖြင့် ဆေးရုံတက်ကုသနေသူမှ နှစ်တစ် (၂) ပေခွဲခန့်အရှည် သစ်သားတုတ် (၂) ချောင်းကို တဘက်စီဆွဲကိုင်လျှက် ဦးတင်ဆောင်အား "သေပေတော့" ဟု ပြောပြီး ရိုက်နှက်သဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။

ဆေးရုံစောင့်ဖြစ်သူ ကျော်မင်းထူးနှင်၎င်း၏ အဒေါ်ဖြစ်သူများဖြစ်ကြသည့် ဒေါ်ဟန်သန်းနှင့် မသင်းသင်းဌေးတို့မှ ၀ိုင်းဝန်းဖြန်ဖြေကြသော်လည်း အောင်မြင့်နိုင်မှ ရိုက်နှက်သဖြင့် ထိုသူများပါ ဒဏ်ရာအသီးသီး ရရှိသွားကြောင်းလည်းသိရှိရပါတယ်။အမှုဖြစ်စဉ်အရ အရက်ကြောင် ကြောင်ပြီး ရိုက်နှက်သူ အောင်မြင့်နိုင်အာဆိပ်ဖြူရဲစခန်းမှ ပုဒ်မ ၃၀၂/ ၃၂၅/ ၃၂၃ ဖြင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရှိရပါသည်။


15 May 2017     1,613 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS