BEC-TERO TV

မြန်မာ့လက်ရွေးစင် အသင်း၏ ၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်များ

15 May 2017     1,311 Views


မြန်မာ့ လက်ရွေးစင် အသင်းသည် ယခုနှစ်အတွင်း အာရှဖလား ခြေစစ်ပွဲစဉ်များအား အဓိက ယှဉ်ပြိုင် ကစားရမည် ဖြစ်ရာ ယင်းအတွက် လိုအပ်သည့် နိုင်ငံတကာ ခြေစမ်းပွဲများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF အနေဖြင့် အချိန်မီ စီစဉ်ပေးခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲများ အဖြစ် ယခုနှစ်အတွင်း အဝေးကွင်းပွဲစဉ် (၃)ပွဲ သွားရောက် ကစားရမည် ဖြစ်သည်။

မကာအို၊ အိန္ဒိယတို့နှင့် အာရှခြေစစ်ပွဲ အဝေးကွင်း မကစားမီ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နှင့် အဝေးကွင်း ခြေစမ်းပွဲများ ကစားရန် စီစဉ်ပေးနိုင်ခဲ့သလို ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့ အိမ်ကွင်းတွင် ကစားရမည့် ကာဂျစ္စတန်နှင့် အာရှဖလား ခြေစစ်ပွဲစဉ် မတိုင်မီ မြန်မာပရိသတ်များ အိမ်ကွင်းတွင် အားပေးနိုင်ရေးအတွက် ထိုင်းလက်ရွေးစင် အသင်းကိုလည်း ခြေစမ်းပွဲကစားရန် စီစဉ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် အာရှ ယူ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်း အတွက်လည်း ပွဲကြိုပြင်ဆင်မှု အဖြစ် KBZ BANK CUP 2017 ပြိုင်ပွဲအား ဇွန်နှင့်ဇူလိုင်လ အတွင်းကစားရန် စီစဉ်ပေးထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံ ယူ၁၈ ပြိုင်ပွဲဝင် မြန်မာ ယူ၁၈ အသင်းနှင့် အင်တာမီလန် ယူ၁၈ အသင်း ခြေစမ်းပွဲလည်း သြဂုတ်လအတွင်း ကျင်းပသွားမည်ဖြစ်ရာ မြန်မာဘောလုံး ပရိသတ်များ အတွက် ပွဲကြီးပွဲကောင်းများ ရောက်ရှိလာတော့မည် ဖြစ်သည်။

Source: MFF


15 May 2017     1,311 Views




RELATED

Most Popular of Football

Most Popular of Sport