BEC-TERO TV

သားသားလား မီးမီးလား အလွယ်သိနိုင်မယ့်နည်း

15 May 2017     4,453 Views


ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ မိဘတိုင်းက သားလေးလား သမီးလေးလား သိချင်ကြတာပါပဲ။ အာထရာဆောင်းရိုက်ရင်လဲ သိနိုင်တာမှန်ပေမယ့် အိမ်မှာပဲ စမ်းသပ်ကြည့်လို့ရမယ့် နည်းလေးရှိပါတယ်။ မိသားစုအပျော်သဘောလေးပေါ့…
 
- မနက်စောစော သွားတဲ့ ဆီးကို ယူပါ
 
- မုန့်ဖုတ်ဆော်ဒါ ဆတူ ပြင်ထားပါ။
 
- ခွက်အသန့်တစ်ခုထဲကို မုန့်ဖုတ်ဆော်ဒါထည့်ထားပြီး ဆီးကို လောင်းထည့်လိုက်ပါ။
 
 - အပေါ်ကို အမြှုပ်လို ဆော်ဒါတစ်ထပ် တက်လာရင် ယောက်ျားလေး ဒီတိုုင်းမြုပ်နေရင်တော့ မိန်းကလေးပါ။

နောက်တစ်နည်းက မနက်စောစော သွားထားတဲ့ ဆီးကိုယူထားပါ
 
ပြီးရင် Red Cabbage ပြုတ်ထားတဲ့ ခရမ်းရောင်အရည်ကို ယူပါ။
 
ဆီးနဲ့ Red Cabbage ရည်ကို ဆတူရောလိုက်ရင် ပန်းရောင်လို အရောင်လေး ပြောင်းသွားခဲ့ရင် ယောက်ျားလေးဖြစ်ပြီး ခရမ်းရောင်ဆိုရင် မိန်းကလေးပါ။

ဒီနည်းတွေကို ကိုယ်ဝန် ငါးလကျော် ခြောက်လလောက်မှာမှ စပြီး စမ်းသပ်တာ ပိုကောင်းပါတယ်။ သိပ္ပံနည်းကျစမ်းသပ်ထားတာတောင် တခါတလေ မှားတာရှိနိုင်သေးတာ ဒီလို အလွယ်စမ်းသပ်နည်းတွေမှာလဲ မှန်တာရှိသလို မှားတာလဲရှိနိုင်ပါတယ်။ အတိအကျ သိချင်ရင်တော့ ဆရာဝန်နဲ့ သေချာ အဖြေထပ်ထုတ်ကြည့်ပါ။ ဆရာဝန်ဆီ မသွားသေးခင် သိချင်နေကြတဲ့ မိခင်လောင်း ၊ ဖခင်လောင်းတို့အတွက် အပျော် စမ်းသပ်နည်းလေးပါ။
 
Source and Credit : ကုမုဒြာ

15 May 2017     4,453 Views




RELATED

Most Popular of Health Fix

Most Popular of Life Style