BEC-TERO TV

အစားအသောက်ကြိုက်လို့ ထိုင်းစားသောက်ဆိုင်ဖွင့်ထားတဲ့ အဆိုတော် စင်ဒီ

15 May 2017     1,408 Views


အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုတော် စင်ဒီက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ထိုင်းစားသောက်ဆိုင်လေး ဖွင့်ထားတယ်လို့ သိရပါတယ်။

သမီးအငယ်လေးနဲ့ အေးအေးချမ်းချမ်းဘ၀ကို ဖြတ်သန်းနေတဲ့ စင်ဒီက ဂီတလောကနဲ့ ကင်းကွာနေတာ ခြောက်နှစ်ကျော်ရှိပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်ရင်း မင်္ဂလာဆောင် ၊ ဘုရားကျောင်းပွဲတွေနဲ့ နယ်ပွဲတွေမှာပဲ သီချင်းဆိုဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်က ဂီတလောကကို စတင်ဝင်ရောက်ခဲ့တဲ့ စင်ဒီဟာ ၂၀၁၀ နောက်ပိုင်း အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်ခဲ့ပြီး ဒီကြားကာလထဲမှာ သီချင်းတစ်ပုဒ်သာ အွန်လိုင်းကနေတင်ပြီး ရောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စင်ဒီရဲ့ထိုင်းစားသောက်ဆိုင်လေးနာမည်က Shu Shel (ရှူးရှဲ) ပါ။ ကျိုက်ဝိုင်းဘုရားလမ်းမှာ ဖွင့်ထားပါတယ်။ ထိုင်းအစားအသောက် ကြိုက်နှစ်သက်တဲ့သူတွေ သွားရောက်အားပေးကြဖို့ မမေ့ပါနဲ့နော်။

Source : 7Day Daily


15 May 2017     1,408 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment