BEC-TERO TV

ပြေတီဦးကို ချွဲခဲ့ ရတဲ့ ပိုင်ဖြိုးသု

15 May 2017     1,547 Views


ဆရာဝန်မလေး ပိုင်ဖြိုးသုဟာ ဒါရိုက်တာဝိုင်းနဲ့ အတူ နေ၀င်အိပ်တန်းတက်ရုပ်ရှင်ကို ရိုက်ကူးထားပြီး ရုံတင်ဖို့လဲ ကြိုးစားနေပါတယ်။ မခိုင်ကြီး ၊ ကိုပြေတီဦးတို့လို့ ၀ါရင့်သရုပ်ဆောင်တွေနဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ရတဲ့ အတွက် တအားကို ရန်ခုန်ခဲ့ ပါတယ်။

ပရိတ်သတ်ကို ကိုယ်ရဲ့ ဗီလိမ်နေရာကိုလက်ခံပါ့မလား သဘောကျပါ့မလားဆိုပြီး အများကြီး ရင်ခုန်ခဲ့ ရပါတယ်။ ၀ါရင့်မင်းသမီးတွေ အတွက်တော့ ရိုးရိုးအိုက်တင်တွေပဲ ဆိုပေမယ့် သုသုအတွက် ကတော့ အိုက်တင်လုပ်ရတဲ့ အခန်းတွေ ခက်ပါတယ်။ အပြင်က ကာရိုက်တာနဲ့ မတူဘူးလေ ။ ကိုပြေတီဦးကို ချွဲရတဲ့ အခန်းတွေဆိုရင် တော်တော်လေးကို ခက်ပါတယ် ။ အပြင်မှာလဲ မချွဲတက်တော့ဒီဇာတ်ရုပ်ရဖို့ တော်တော်ခက်တယ် ။

ကိုဝိုင်းရော ကိုပြေတီဦးကော တော်တော်လေးသင်ပေးခဲ့ ရပါတယ်။ ဇာတ်ကားနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်က ပရိတ်သတ်ရှေ့မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ပီပြင်တယ်လို့ မြင်စေချင်တယ် ။ပီပြင်ဖို့လဲ ခဏခဏပြန်ရိုက်ခဲ့ ရတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:Oasis


15 May 2017     1,547 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment