BEC-TERO TV

မိန်းမကဓားမနှင့်ခုတ်သောကြောင့် ယောင်္ကျားဖြစ်သူသေဆုံး

15 May 2017     1,311 Views


မေလ ၁၅ ရက်​​နေ့ ဒီကနေ့ နံနက် ၃ နာရီ အချိန်​ခန့်​က ဧရာဝတီတိုင်း​ဒေသကြီး မြန်​​အောင်​မြို့နယ်၊​ ကြက်​သွန်​ခင်းအုပ်​စု၊ ဂျို့ကျွန်း​ကျေးရွာ အင်​ပင်​နယ်​​မြေ ရဲစခန်းပိုင်​တွင်​ လင်မယားချင်းစကားများစဉ် ယောင်္ကျာဖြစ်သူက မိန်းမဖြစ်သူကို ဓားမနဲ့ခုတ်ရန်ပြင်နေစဉ် မိန်းမဖြစ်သူက ယောင်္ကျာဖြစ်သူကိုတွန်းလှဲလိုက်စဉ် ဓားမက လွတ်ထွက်သွားကြောင်း၊ အဆိုပါဓားမဖြင့် ယောင်္ကျားဖြစ်သူကို ခုတ်လိုက်စဉ်နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာရန်ဖြစ်နေစဉ်​ယောင်္ကျားဖြစ်​သူ ဥာဏ်​ဝင်း အသက်​(၄၄)နှစ်​ (ဘ) ဦးတိုး​ရွှေမှ ဓားမနှင့် ခုတ်​ရန်​ရွယ်​လိုက်​စဉ်​ မိန်း​မဖြစ်​သူ မနွဲ့ယဉ်ဝင်း အသက်​(၄၀)နှစ် (ဘ) ဦးကျော်​ဝင်းက တွန်းလှဲခဲ့ပြီး ၎င်းလက်​ထဲမှ လွတ်​ကျ သွား​သော ဓားမအား​ ကောက်​ယူ၍ ခုတ်​လိုက်​ရာ ​ယောင်္ကျား ဖြစ်​သူမှာ ​နေရာတွင်​ ပွဲချင်းပြီး ​သေဆုံး​သွားခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင်အဆိုပါ အမှုအား အင်​ပင်​နယ်​​မြေရဲစခန်း စခန်းမှူးရဲအုပ်​​ဇော်​ထွန်းမှ (ပ)၅၉/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင့် အမှုဖွင့် စစ်​​ဆေးအ​ရေးယူ ထား​ကြောင်း သိရှိရပါသည်​။

 


15 May 2017     1,311 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS