BEC-TERO TV

ကြွေ စကားလုံးတွေနဲ့ ၁၂နှစ်ပြည့် အိမ်ထောင်သက်

15 May 2017     1,270 Views


 “ လက်ထပ်ခြင်းဟာ အချစ်ရဲ့သင်္ချိုင်းဆိုရင် ကိုယ်တို့ ဘယ်တုန်းကမှ မသေဆုံးခဲ့ကြတာ သေချာပါတယ်...”

ဒါရိုက်တာ ညိုမင်းလွင်နဲ့ ဇနီးဖြစ်သူ မစန္ဒာလွင်တို့ အိမ်ထောင်သက်က ၁၂နှစ်ပြည့်သွားပါပြီး။လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို တည်ဆောက်ထားသလို၊ အနုပညာဘက်မှာလည်း ပရိသတ်အားပေးမှုကိုရရှိထားပါတယ်။

၁၂နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်ဒါရိုက်တာ ညိုမင်းလွင်က

“ဆယ့်နှစ်နှစ်တောင်ပြည့်သွားခဲ့ပြီ...

Traders Hotel ရဲ့ Grand Ballroom မှာ

ဧည့်သည်တွေကြောက်ကြောက်လန့်လန့်နဲ့တက်ရောက်ခဲ့ကြတဲ့

မင်္ဂလာဆောင်အခမ်းအနားတစ်ခုဟာ

မေလ၊၁၅ ရက်၊၂၀၁၇ ခုနှစ်မှာ ဆယ့်နှစ်နှစ်ပြည့်ပါတယ်...

ပြဿနာတွေ၊အခက်အခဲတွေကိုအတူတကွဖြေရှင်းခဲ့ကြရင်းနဲ့

ဒီနေ့အထိအတူတူရှိနေခွင့်ရတာကိုက

ကျွန်တော်တို့အတွက် ကံကြမ္မာကပေးတဲ့ဆုလာဘ်တစ်ခုပါ...

လေးရေ...

လက်ထပ်ခြင်းဟာ အချစ်ရဲ့သင်္ချိုင်းဆိုရင်

ကိုယ်တို့ ဘယ်တုန်းကမှ မသေဆုံးခဲ့ကြတာ သေချာပါတယ်...

တနည်းအားဖြင့်ပြောရရင်တော့ ဒီနေ့ဟာ...

ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင် Judgement Day ပဲပေါ့...

Happy Anniversary...လေး

Yours Hubby,

ညိုမင်းလွင်

15 May 2017” လို့ဖေ့ဘွတ်မှာရေးထားပါတယ်။

ကဲပရိသတ်ကြီးရေ အချစ်ကံကောင်းသလို အားကျဖွယ်အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ ညိုမင်းလွင်တို့ ဇနီးမောင်နှံအတွက် ၀ိုင်းဝန်းဂုဏ်ပြုပေးလိုက်ကြရအောင်နော်….

“ယနေ့မှစ နှစ်ထာဝရတိုင် ချစ်သောမိသားစုနဲ့ ဘ၀ကိုအောင်မြင်စွာဖြတ်သန်းနိုင်ပါစေ”

Source: ညိုမင်းလွင်ဖေ့ဘွတ်

Aung


15 May 2017     1,270 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment