BEC-TERO TV

မွန်-တနင်္သာရီ ကမ်းရိုးတန်းမှာ လာမယ့် တစ်ပတ်လုံး ရာသီဥတု ပြင်းထန်လာနိုင်

15 May 2017     1,263 Views


မေလ ၁၅ ရက်နေ့ ကနေ့မှ စတင်ကာ မွန်-တနင်္သာရီ ကမ်းရိုးတန်းမှာ တစ်ပတ်လုံး ရာသီဥတုတွေပြင်းထန်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

“(၁၅-၅-၂၀၁၇)ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်အတွင်းကို အနောက်တောင်မုတ်သုံလေဦး စတင်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ မုတ်သုံလေဦးဝင်ရောက်ခြင်းနဲ့အတူ ပင်လယ်ပြင်မှာ လေပြင်းတိုက်ခတ်မှုတွေ၊ လှိုင်းကြီးမှုတွေ၊ မိုးသည်းမှုတွေ ပါလာတော့မှာဖြစ်ပါတယ်။

လာမယ့်ရက်တစ်ပတ်အတွင်း မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် (၅ ပေ မှ ၈ ပေ)ခန့်အထိ ရှိနိုင်ပြီး၊ မြေပြင်ရေပြင်လေဟာ တစ်နာရီ (၃၀ မှ ၄၀) အထိ တိုက်ခတ်နိုင်ပါတယ်။ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနှိုင်ပါတယ်။

မိုးတိမ်တောင်များလည်းဖြစ်နိုင်တဲ့အတွက် မိုးတိမ်တောင်များဟာ မွန်းလွဲ ညနေပိုင်းတို့တွင်အဖြစ်များလေ့ရှိပြီး၊ အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်မိုးသည်းတန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း နဲ့ မိုးကြိုးပစ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။

မိုးခြိမ်းသံကြားရပါကမိုးတိမ်တောင်ဟာ မိမိနဲ့ နီးကပ်စွာတည်ရှိနေတတ်သဖြင့် အန္တရာယ်ပို၍သတိထားရန် လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်”

Credit : ဒေါက်တာထွန်းလွင် ဖေ့စ်ဘွတ်


15 May 2017     1,263 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS