BEC-TERO TV

ရထားနဲ့ဆိုင်ကယ်တိုက်မိရာ ကိုးတန်းကျောင်းသူတစ်ဦးသေဆုံး

15 May 2017     1,475 Views


၁၄.၅.၂၀၁၇ တွင် ပဲခူတိုင်းဒေသကြီး အုတ်တွင်းမြို့မှရထားနဲ့ ဆိုင်ကယ်တိုက်မိခဲ့ခြင်းကြောင့် ကိုးတန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ကြောင့် သိရှိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၅၉/၁၀တွင် ဆိုင်ကယ်တစ်စီးက မီးရထားသံလမ်းဖြတ်ကိုဖြတ်သန်းမောင်းနှင်လာရာ မီးရထားလမ်းအတိုင်းမောင်းနှင်လာတဲ့ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။အဆိုပါ ဆိုင်ကယ်မောင်နှင်လာသူမှာ(၁၅)နှစ်အရွယ်ကိုးတန်းကျောင်းသူဖြစ်ပြီးအခင်းဖြစ်ရာ နေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆိုင်ကယ်မောင်းနှင်သူကို အုတ်တွင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Source: 5Plus News


15 May 2017     1,475 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS