BEC-TERO TV

သီလရှင်ဝတ်ပြီး တရားအားထုတ်နေတဲ့ အဆိုတော် မီမီဝင်းဖေ

15 May 2017     1,385 Views


အဆိုတော် မီမီဝင်းဖေက အမေရိကန်နိုင်ငံ မေရီလန်းမြို့မှာ သီလရှင်ဝတ်ပြီး ၀ိပဿနာတရား ကျင့်ကြံ အားထုတ်နေပါတယ်။ ဒုလ္လဘ ၀တ်တာဖြစ်ပြီး ဘွဲ့အမည်ကတော့ ဆရာလေး ဒေါ်သြဘာသီ ပါ။

မီမီဝင်းဖေ သီလရှင်ဝတ်နေတဲ့အကြောင်းကို မိတ်ဆွေတွေ ပရိသတ်တွေသိအောင် မျှဝေပေးသူကတော့ အဆိုတော် ကော်နီပဲဖြစ်ပါတယ်။ ကော်နီက မီမီဝင်းဖေ သီလရှင်ဝတ်တဲ့အကြောင်းကို ပရိသတ်ကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကတဆင့် အခုလိုအသိပေးထားတာလဲဖြစ်ပါတယ်။

“ကျွန်မ အမတယောက်လို အားကိုးပြီး ချစ်ရတဲ့မမီ (ဆရာလေးဒေါ်သြဘာသီ) ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဆရာလေးနေထိုင်ရာ အမေရိကန်နိုင်ငံ မေရီလန်းမြို့မှာ သီလရှင်ဝတ်လို့ ဝိပဿနာတရားများ ကျင့်ကြံပွားများအားထုတ်လို့ နေပါတယ် ဒုလ္လဘ ဝတ်တာပါရှင့် မမီ (ဆရာလေး) က ဒီလိုသူ့အကြောင်းတွေ တင်ပြတာမျိုး သိတ်မကြိုက်လှပါဘူး ဆရာလေးကို ပုံလေးတွေပို့ပေးပါလို့ချော့ပြောပြီး တင်မယ်နော်လို့ ခွင့်တောင်းတော့ ဘာမှပြန်မပြောပါဘူး ကိုယ်ကတော့ ဆရာလေးကိုချစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ပရိတ်သတ်တွေကို သာဓုအနုမောဒနာခေါ်စေချင်လို့ပါနော် ဆရာလေး တရားထူးတရားမြတ်တွေရရှိပါစေ”

ဝိပဿနာတရားအားထုတ်နေတဲ့ ဆရာလေး ဒေါ်သြဘာသီအတွက် သာဓုခေါ်နိုင်ကြပါစေ။

Soure : ကော်နီ ဖေ့စ်ဘွတ်


15 May 2017     1,385 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment