အမေမရှိတော့တဲ့အချိန်ကစလို့ နေ့ရက်တိုင်းက အမေများနေ့ပါပဲ ဆိုတဲ့ ဖြိုးပြည့်စုံ
15 May 2017 1,892 Views

အမေနဲ့ပုံတွေ သူသူကိုယ်ကိုယ် တင်နေတဲ့ အမေများနေ့မှာ ဖြိုးပြည့်စုံကတော့ “မေ့မေ့ကိုလွမ်းလို့” ဆိုတဲ့ သီချင်းလေးကို ပရိသတ်ကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။
မိခင်ကိုလွမ်းဆွတ်ရင်း ပရိသတ်တွေကိုလဲ အမေရှိတုန်းတန်ဖိုးထားကြဖို့ ဖြိုးပြည့်စုံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အခုလို ရေးသားတိုက်တွန်းထားပါတယ်။
“ကျွန်တော့်အတွက် အမေမရှိတော့တဲ့ အချိန်ကစလို့ နေ့ရက်တိုင်းက အမေများနေ့ပါပဲ အတူနေရတုန်းလေး တန်ဖိုးပိုသိရှိကြပါ”
ဖြိုးပြည့်စုံက သူ့ရဲ “မေမေ့ကိုလွမ်းလို့” ဆိုတဲ့ သီချင်းကို ချိုပြုံး ၊ ထွန်းထွန်း တို့နဲ့ MTV ရိုက်ကူးထားပြီး မေလ ၁၃ ရက်က MTV Trailer လေးကို သူ့ပရိသတ်တွေကို မျှဝေပေးထားပါတယ်။
Source : ဖြိုးပြည့်စုံ ဖေ့စ်ဘွတ်





