BEC-TERO TV

နေတိုး၊မြင့်မြတ်နဲ့ကစ်ကစ် တို့ရဲ့ “ကျွန်”

15 May 2017     4,887 Views


နေတိုး၊မြင့်မြတ်၊ဝတ်မှုံရွှေရည်၊ရဲအောင်၊ စိုးမြတ်သူဇာ၊ ထူးမွန်၊ သီရတီ၊ ဇော်ဦး၊ ဟိန်းမင်းအပါအဝင် အနုပညာ သရုပ်ဆောင်များစွာ ပါဝင်တဲ့ ကျွန်ရုပ်ရှင် ဇာတ်ကားကြီးကတော့လက်တလောမှာ ပရိသတ်အတော်များများ စိတ်ဝင်စားနေပါတယ်။ အဆိုပါ ကျွန်ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်း ကနုတ်မေ၊ ဇာတ်ညွှန်း  မင်းခိုက်စိုးစံ၊ ထက်မြတ်နိုင်ဇင် တို့ကရေးသားထားပြီး ဒါရိုက်တာ  ညွန့်မြန်မာညီညီအောင် က ရိုက်ကူးထားတာပါ။ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။

“ ရာဇဝင်ဆိုတာ
 
လှတဲ့ ရာဇဝင်ပဲဖြစ်ဖြစ်
 
မလှတဲ့ ရာဇဝင်ပဲဖြစ်ဖြစ်
 
စစ်မှန်တဲ့ ရာဇဝင်တိုင်းဟာ
 
ဘယ်တော့မှ ဂုဏ်မငယ်ပါဘူး” ဆိုတဲ့ကျွန်ရုပ်ရှင်ဇာတ်ကားကြီးကိုယခုလကုန်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်းသိရပါတယ်။

15 May 2017     4,887 Views




RELATED

Most Popular of Movies

Most Popular of Entertainment