BEC-TERO TV

အိုင်စတိုင်းထက် ဉာဏ်ရည်သာနေလို့ ယူကေသဒ္ဒါကျောင်းကနေ လက်မခံတဲ့ ဖိလစ်ပိုင်ကလေးငယ်

15 May 2017     1,767 Views


အသက် ၁၁ နှစ်အရွယ် Mia Golosino ဆိုသူ ဖိလစ်ပိုင် ကလေးမလေးက ယူကေနိုင်ငံက သဒ္ဒါသင်တဲ့ကျောင်းမှာ ကျောင်းတက်နိုင်ဖို့အတွက် ဉာဏ်ရည်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ရူပဗေဒပညာရှင် ဉာဏ်ကြီးရှင် အဲလဘတ်အိုင်စတိုင်း ထက် ဉာဏ်ရည်သာလွန်နေတာကို တွေ့ရှိခဲ့ရတဲ့အတွက် ကျောင်းက လက်ခံဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။

လူသားရဲ့ဉာဏ်ရည် အဆင့် သတ်မှတ်ချက် စံနှုန်းအရ အမှတ် ၁၄၀ ဆိုရင် ဉာဏ်ကြီးရှင် ဖြစ်နေပါပြီ။ အဲလဘတ်အိုင်စတိုင်းက ဉာဏ်ရည်အမှတ် ၁၆၀ ရှိပြီး Mia Golosino ကတော့ အမှတ် ၁၆၂ ရှိနေတဲ့အတွက် ကမ္ဘာဉာဏ်ရည်အကောင်းဆုံး ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်လာပါတယ်။

ကျောင်းအပ်လက်ခံဖို့ Aylesbury High Grammer School ကို အသနားခံစာတင်ထားတုန်းမှာ ယူကေနိုင်ငံရှိ ဉာဏ်ရည်မြင့်သူများ အစည်းအရုံး (Mensa The High IQ Society) က Mia Golosino ကို အသင်းဝင်အဖြစ်ချီးမြှင့်ကြောင်း အကြောင်းကြားစာ ရောက်လာတဲ့အခါမှာတော့ မိဘတွေဟာ မယုံနိုင်လောက်အောင် အံ့သြခဲ့ရပါတယ်။ အဲဒီနောက် ဘာကင်ဟမ်က ကျောင်းတစ်ခုဖြစ်တဲ့ Royal Latin School က Mia ကို သူတို့ဆီမှာ ကျောင်းလာတက်ဖို့ ကမ်းလှမ်းတာကို လက်ခံခဲ့ပါတယ်။ Mia ရဲ့ ဖခင်ဖြစ်သူ Jose က သူ့သမီးအတွက် အကောင်းဆုံးကျောင်းကို တက်ခွင့်ရသွားတာပေါ့လို့ ဆိုပါတယ်။

 

Mia ရဲ့ မိဘ နှစ်ပါးက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက ဖိလစ်ပိုင်ကနေ ယူကေကို ပြောင်းရွေ့နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ Mia မှာ အသက် ၃ နှစ်အရွယ် Mensa ဆိုတဲ့ ညီမလေးတစ်ဦး ရှိသေးပြီး သူမကြီးလာရင် တရားသူကြီးမင်း ဖြစ်ချင်တယ်လို့ Mia က ဆိုပါတယ်။


15 May 2017     1,767 Views




RELATED

Most Popular of Special or Others

Most Popular of NEWS