ကလေးတွေနဲ့ဂေါ်လီရိုက်ရာမှာ ရှုံးသွားတဲ့ ပိုင်တံခွန်
15 May 2017 1,854 Views

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ပိုင်တံခွန်တစ်ယောက် ကလေးတွေနဲ့ ဂေါ်လီသွားရိုက်ပုံလေးကိုဖေ့ဘွတ်မှာ တင်ထားပါတယ်။ ကံဆိုးတာကတော့ ပိုင်တံခွန်တစ်ယောက် ကလေးတွေနဲ့ ကစားရာမှာ ဂေါ်လီတွေလည်း ကုန်တဲ့အပြင် ကလေးတွေဟားတာလည်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။
“ပါသမျှ ဂေါ်လီတွေလည်းကုန်တဲ့အပြင်
အကိုက တပွဲမှလည်းမနိုင်ဘူးလို့ ဟားခံရတယ်
ငါငယ်ငယ်က မင်းတို့ထက်တော်တယ်ကွ” လို့ ရေးထားသလိုနောက်ဆုံးမှာတော့
“ဘေးက မဲမဲ နဲ့ ဝတုတ်က သိပ်မကြည် တော့ဘူး သူ့ ဂေါ်လီတွေ နှိုက်နေလို့
ဗိုက်နဲ့ တချက် တိုက်လိုက်ရင် ငါလွှင့်သွားနိုင်တယ် လစ်မှ” ဆိုပြီးရေးထားပါတယ်။
“ဘေးမှာ တလုံးတလေ များရနိုင်မလား အခြေနေကြည့်နေရတယ် ကလေးစုတ်တွေ တော်ချက်” လို့ ပိုင်တံခွန်တစ်ယောက် ကလေးငယ်တွေကိုငေးကြည့်နေရပါတယ်။





