BEC-TERO TV

“ချိုမြိန်သောလက်စားချေခြင်း”အတွက် ကြိုတင်တောင်းပန်စကားဆိုတဲ့ ခင်ဝင့်ဝါ

16 May 2017     1,762 Views


မေလ ၁၉ ရက်မှာ ရုံတင်ပြသမယ့် “ချိုမြိန်သောလက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ခင်ဝင့်ဝါက သရုပ်ဆောင်ပိုင်းလိုအပ်ချက် ရှိခဲ့ရင် ဖြည့်စွက်နားလည်ပေးဖို့ ကြိုတင်တောင်းပန်စကား ဆိုထားပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်ပြီး မင်းသမီးနှစ်ယောက် အပြိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇာတ်ကားရိုက်ထားတာ ကြာပြီဖြစ်သလို ဇာတ်ကားရိုက်စဉ်တုန်းက သူကအသစ်တစ်ယောက်အနေနဲ့သာ ရှိသေးတာကြောင့် သရုပ်ဆောင်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ရင် ဖြည့်စွက်နားလည်ပေးဖို့ တောင်းပန်စကားဆိုထားတာလဲ ဖြစ်ပါတယ်။

ချိုမြိန်သော လက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာမီးပွားက ပုံဖော်ရိုက်ကူးထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီနဲ့ ခင်ဝင့်ဝါတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Source : ခင်ဝင့်ဝါ ဖေ့စ်ဘွတ်


16 May 2017     1,762 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment