BEC-TERO TV

တနင်္သာရီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ရေပြင်မှာ လှိုင်းကြီးနိုင်

16 May 2017     1,372 Views


လှိုင်းအမြင့် ၅ ပေ မှ ၇ ပေအထိ လှိုင်းကြီးနိုင်ပါတယ်တဲ့ … ပင်လယ်ပြင်ထွက်မယ့် သူများ သတိထားကြပါ…

“အနောက်တောင်မုတ်သုံလေဦးတိုးဝင်မှုကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ ရေလှိုင်းအမြင့်တွေဟာ Drift Current များအဖြစ်နဲ့ တနင်္သာရီကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသဆီသို့ ဦးတည်တိုးဝင်လာနေပါတယ်။

အဲဒါကြောင့် တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ြပီး လှိုင်းအမြင့် (၅)ပေ မှ (၇)ပေခန့်အထိရှိနေပါတယ်။
(ref: NASA)

မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ရေပြင်မှာ မိုးသက်လေပြင်းများ မကြာခဏတိုက်ခတ်နိုင်ပြီး နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ တစ်နာရီ (၃၅-၄၀)ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်”

Credit : ဒေါက်တာထွန်းလွင် ဖေ့စ်ဘွတ်


16 May 2017     1,372 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS