ပြည်သူများအပေါ် ရိုင်းပျစွာဆက်ဆံနေသော YBS ယာဉ်အချို့လုပ်ရပ်များအား နောက်ဆုံးသတိပေး
16 May 2017 1,336 Views

၁၉၉၅ မော်ဒယ်ခရီးသည်တင်ယာဉ်များ ဇွန်လ
၂၀ ရက်နေ့နောက်ဆုံးအပ်ရန် ဝန်ကြီးညွန်ကြား
=========================
၁၅ ၅ ၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေး
ခန်းမ ၃ မှာ YBS ယာဉ်လိုင်းများ အစည်းအဝေးတွင် ဝန်ကြီးမှ အောက်ပါအတိုင်းညွန်ကြား
ခဲ့ပါတယ်။
၁။ မကြာမီ မိုးတွင်းကာလ ကျောင်းဖွင့်ရာသီ ရောက်ရှိတော့မည်ဖြစ်ပါသဖြင့် ယာဉ်လိုင်းများ
အနေနှင့် ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက်ကြိုတင်ပြင်ဆင်ထားရန် ။
၂။ မထသ စနစ်မှ YBS သို့ပြောင်းခြင်းမှာ ခရီးသွားပြည်သူများ အဆင်ပြေစေချင်၍ဖြစ်ကြောင်း
ရှေ့ဆက်၍ ခရီးသွားပြည်သူများအပေါ် ရိုင်းပျစွာဆက်ဆံနေသော လုပ်ရပ်များအား နောက်ဆုံးသ
တိပေးခြင်းဖြစ်ကြောင်း မိမိတို့တင်သွင်းထားသောယာဉ်များ ရောက်ရှိပြီဖြစ်သဖြင့် နောက်ဆုံး
သတိပေးခြင်း ဖြစ်ပြီးမလိုက်နာပါက ယာဉ်လိုင်းအလိုက် အရေးယူပြီး ယာဉ်သစ်များနှင့် အစား
ထိုးပြေးဆွဲမည်ဖြစ်ကြောင်း။
၃။ ယာဉ်ကြီးများနှင့် မီနီဘတ်စ်ယာဉ်များရောနှောပြေးဆွဲနေသော YBS ယာဉ်လိုင်းများတွင်ယာဉ်ကြီးသီးသန့် မီနီ ဘတ်စ် သီးသန့် ဖြစ်အောင်ဆောင်ရွက်ထားရန်။
၎။ YBS ၂၉ ယာဉ်လိုင်း ယာဉ်ကျပ်ခြင်း ယာဉ်လုပ်သားများ ရိုင်းပြခြင်းအား YUPT ကုမ္ပဏီမှ
ဖြေရှင်းဆောင်ရွက်ရန် နှင့် ယခင် YBS ၇ ယာဉ်လိုင်းမှာ နာမည်ဆိုးသော်လည်း ယခု YUPT ကု
မ္ပဏီ၏ဆောင်ရွက်မူ့ကြောင့် အဆင်ပြေလာသကဲ့သို့ ဆက်လက်ဆောင်ရွက်ရန်။
၅။ YBS ၃၁ ယာဉ်လိုင်းတွင် ကုန်းဘောင်ရန်ကုန် ကုမ္ပဏီ နှင့် က ပ ရ ယာဉ်လိုင်းတို့ ပြေးဆွဲ
နေခြင်းကို ကပရ ယာဉ်လိုင်းအား ကုန်းဘောင်ရန်ကုန် ကုမ္ပဏီ ၏ စီမံမူ့အောက်သို့ဝင်ရောက်
ပြေးဆွဲစေရန်။မလိုက်နာပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းရန်။
၆။ YBS ယာဉ်လိုင်းများတည်ထောင်ပြီး ကားသွင်းခြင်း ကားရောင်းခြင်း ယာဉ်လိုင်းပြေး
ဆွဲခြင်း ကိစ္စ ရပ်များတွင် လတ်ငွေရယူခြင်းကိစ္စများစိစစ်တွေ့ရှိသောလူပုဂ္ဂိုလ် ယာဉ်လိုင်းတာဝန်
ခံ ကုမ္ပဏီများကို သတင်းစာတွင်ဖေါ်ပြ၍ အမည်ပျက်စာရင်းသွင်းရန်။
၇။ လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများတိုင်းပို့ဆက်သို့ ယာဉ်လိုင်းစီမံချက်များပေးပို့
၍ ခ လိုင်စင်အမြန်မှတ်ပုံတင်ပြီး ခရီးစဉ်များအားSky Next မှကြေညာပေးရန်။
၈။ YBS ၈ ခရီးစဉ်လမ်းကြောင်း အားပြန်လည်စီစစ်တင်ပြရန်။
၉။ YBS ၄၂ ယာဉ်လိုင်း ခရီးသွားပြည်သူများအားဝန်ဆောင်မူ့ပေးနိုင်အောင်ကြိုးစားရန်။
၁၀။ မီနီဘတ်စ်ယာဉ်များ ကျောင်းကားပြေးဆွဲလိုပါက YRTA သို့တင်ပြရန်။
၁၁ ။ ၁၉၉၅ ခုနှစ်မော်ဒယ် ခရီးသည်တင်ယာဉ်များ ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား အပ်နှံ
ရန်နှင့် မလိုက်နာပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းပြီး လူစီးစလစ်ထုတ်ယူခြင်းအား ပယ်ဖျက်ရန်
တို့ကို ဝန်ကြီးမှ ယာဉ်လိုင်းတာဝန်ရှိသူများအားညွန်ကြားခဲ့ပါတယ်။
Source: ကိုတရုတ်လေးဖေ့စ်ဘွတ်