BEC-TERO TV

လမ်းမအလယ်မှာ ကလေးမလေးကို ခေါင်းဖြတ်သတ်ခဲ့သူ သေဒဏ်မှလွတ်မြောက်

16 May 2017     1,354 Views


ထိုင်ဝမ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် မတ်လက နံနက်အချိန်ကြီးတွင် မြို့လည်လမ်းမကြီးပေါ်၌ အသက် ၄ နှစ်အရွယ် ကလေးမလေးကိုကို ဓါးဖြင့်ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သောကြာနေ့က တရားရုံးမှ စီစရင်ချက်ချမှတ်ခဲ့သည်။
 
 
အသက် ၃၄ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား Wang Chin Yu တွင် စိတ်ကစဉ့်ကလျားရောဂါခံစားနေရသည်ကို တွေ့ရှိပြီးနောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပြဋ္ဌါန်းချက်အရ သေဒဏ်စီရင်ခွင့်မရှိပဲ ထောင်ဒဏ်တစ်သက် အဖြစ်ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေရုံးမှ ပြောဆိုခဲ့သည်။ 
 
မည်သို့ပင်ဆိုစေကာမှု တရားခံသည် အပြစ်ကျူးလွန်စဉ်က လူကောင်းပကတိအခြေအနေမျိုး ရှိနေတာကို စစ်ဆေးတွေ့ရှိရသည့်အတွက် သေဒဏ်စီရင်ချက် ချနိုင်ရန် လျှောက်လဲချက်ပေးနိုင်သေးကြောင်း သိရှိရသည်။
 
ပြီးခဲ့သည့်နှစ်က အမှုစစ်ဆေးခဲ့ရာတွင် Wang က သူဟာ စီချွမ်းရဲ့ဧကရာဇ်ဘုရင်တပါး ဖြစ်နိုင်ရန် ကလေးမလေးကို ယခုလို ခေါင်းဖြတ်ပြီး ကွပ်မျက်လိုက်ပါက သူ့၏ဘိုးဘေးဘီဘင်များ၏ အမွေခံနိုင်ပြီဟု ယုံကြည်တဲ့အတွက် သတ်ခဲ့ကြောင်း တရားရုံးတော်တွင် ထွက်ဆိုခဲ့သည်။ 
အမှုစစ်ဆေးနေစဉ်တွင် Wang က ကလေးမလေး၏ မိသားစုကို ဒူးထောက်ကာ သူ့အပေါ်ခွင့်လွှတ်ရန် တောင်းပန်ခဲ့သေးသည်။
 
 
ထိတ်လန့်စရာ အဆိုပါအဖြစ်အပျက်မှာ ပြီးခဲ့တဲ့နှစ် မတ်လရဲ့ တနင်္လာနေ့ နံနက်ပိုင်းတွင် ထိုင်ပေမြို့ နီဟူးရပ်ကွပ်မှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အသက် ၄ နှစ်အရွယ် ကလေးမလေးက သူမ၏ မိခင်နှင့် အဖိုးဖြစ်သူတို့နဲ့ မလှမ်းမကမ်းမှာ စကူတာစကိတ်လေးစီးနေစဉ် Wang က ရောက်ရှိလာပြီး မိခင်နဲ့ အဖိုးဖြစ်သူတို့ မတားလိုက်နိုင်ချိန်လေးမှာ ကလေးမလေးရဲ့ ဦးခေါင်းကို ဓါးနဲ့ ဖြတ်ပြီးသွားပြီဖြစ်ပါတယ်။
 
ထိုကလေးမလေးရဲ့ ဖြစ်ရပ်ဆိုးကြောင့် ထိုင်ဝမ်တစ်ခုလုံးက မိဘများ စိုးရိမ်သောကဖြစ်သွားကြကာ Wang ကို သေဒဏ်ပေးရန် ဝိုင်းဝန်းတောင်ဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး တစ်နိုင်ငံလုံး ပွက်ပွက်ညံသွားခဲ့ပါတယ်။
ဒါကို သီးမခံနိုင်တော့တဲ့ ကလေးမလေးရဲ့ မိခင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့ရဲ့သမီးလေး သေဆုံးမှုကို ဆွဲထည့်ပြီး ဒီလိုဆွေးနွေပြောဆိုတာတွေကို သူမအနေနဲ့ မကြိုက်ကြောင်း၊ သူမအနေနဲ့ သေဒဏ်ပေးတာအပါအဝင် ဘယ်လို ဥပဒေတွေအေပါ်ကိုမှ ယုံကြည်မှုမရှိကြောင်း၊ တစ်ကယ်လုံခြုံစိတ်ချရတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ဖို့ဆိုရင် ကောင်းမွန်တဲ့ မိသားစုဘဝတွေ ဖန်တီးပြီး ပညာသင်ကြားရေးကသာလျှင် ဒီလိုအဖြစ်ဆိုးမျိုးတွေကို လုပ်ဆောင်မယ့် လူတွေကင်းစင် လျှော့နည်းစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
တရားခံကို အမှုစစ်နေခဲ့စဉ်မှာလည်း ကလေးမလေးရဲ့ မိခင်ဟာ တရားခွင်မှာ လာရောက် နားထောင်ပြောဆိုခြင်း မရှိခဲ့သလို အခုလို သေဒဏ်ကနေ လွတ်မြောက်ခဲ့တဲ့အပေါ်မှာလည်း ဘာမှတုံ့ပြန်မှု မရှိကြောင်း သိရှိရသည်။
 

16 May 2017     1,354 Views




RELATED

Most Popular of Special or Others

Most Popular of NEWS