BEC-TERO TV

ငှက်ပျောအူရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

16 May 2017     2,560 Views


တစ်ပင်လုံး ပစ်စရာမရှိအောင် အသုံးတည့်တဲ့ ငှက်ပျောပင်ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလဲ များလှပါတယ်။ ဒီတစ်ခါမှာတော့ ငှက်ပျောအူရဲ့ ကျန်းမာရေး အာနိသင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
 
(၁) ငှက်ပျောအူဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ဆီးရွှင်စေပါတယ်။
 
(၂) ငှက်ပျောအူမှာ ဗီတာမင် B6 ၊ သံဓာတ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ကိုလက်စထရောတွေကို ချေဖျက်နိုင်ပါတယ်။ သွေးတိုးရောဂါကို သက်သာစေပြီး ဟီမိုဂလိုဘင်အရေအတွက်ကို တိုးစေပါတယ်။
 
(၃) ငှက်ပျောအူဟာ ခန္ဓာကိုယ်အတွင်းက အက်ဆစ်ဓာတ်ထွက်ရှိမှု ပမာဏကို ထိန်းပေးပြီး အစာအိမ် အချဉ်ပေါက်တာ ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။
 
Credit : ကုမုဒြာ

16 May 2017     2,560 Views




RELATED

Most Popular of Health Fix

Most Popular of Life Style