သက်ငယ်မုဒိမ်းမှုများ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးမြင့်ဖြစ်ပွား
16 May 2017 1,432 Views

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်တိုင်းဒေသကြီးအတွင်းမုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများဖြစ်ပွားမှုမှာမှုခင်းစာရင်းများအရ တိုးမြှင့်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရသဖြင့် မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်မှုများလျော့နည်းကျဆင်းရေးအတွက် မှုခင်းအသိပညာ ပေးဟောပြောပွဲများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်ရဲတပ်ဖွဲ့ဝင်များမှဦးဆောင်၍
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အထောက်အကူပြု အဖွဲ့များနှင့်အတူပူးပေါင်း၍မြို့နယ်/ရပ်ကွက်ဓမ္မာရုံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မှုခင်း အသိပညာပေး ဟောပြောပွဲများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် ရပ်ကွက်၊ ကျေးရွာများအတွင်းနေထိုင်ကျသော အသက် ၃ နှစ်မှ၁၆နှစ်အတွင်းရှိသည့် အမျိုးသမီးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများကိုခေါ်ယူ၍ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်းမခံရစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုချပြဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ကျူးလွန်ခံရသည့်ဖြစ်စဉ်များကိုပါဝါပွိုင့်ဖြင့်ချပြရှင်းလင်းကာမုဒိမ်းမှုကျူးလွန်ခြင်းမခံရစေရန်မှုခင်းအသိပညာပေးများကိုရန်ကုန်တိုင်းဒေသကြီးအတွင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်သတိပေးဟောပြောမှုများပြုလုပ်လျက်ရှိသည်။