ထုံအလွန်းတဲ့ ကိုယ်လုံးတီးသူခိုး
16 May 2017 1,606 Views
တရုတ်ပြည်က ဟန်ဘာဂါအရောင်းဆိုင်မှာ ညဘက်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်လေးကတော့ အတော်လေးဆန်းလှပါတယ်။ CCTV မှတ်တမ်းအရ အဆိုပါ ဟန်ဘာဂါအရောင်းဆိုင် အနောက်ဘက်ခြမ်းက လေပူထုတ်ရာ ပန်ကာကနေ တစ်ဆင့် ကိုယ်လုံးတီသူခိုးတစ်ယောက်ခက်ခက်ခဲခဲ ၀င်ရောက်လာပြီးနောက်ပိုင်း ပိုက်ဆံရှင်းကောင်တာဆီသို့သွားကာ တရုတ်ပိုက်ဆံ ယွမ်း ၈၀၀ နဲ့တကွ ခါးစည်းအပိုင်းငယ်ကိုပါ ခိုးယူးသွားတာပါ။ပိုဆိုးတာက CCTV ကင်မရာရှိနေမှန်းသိရဲ့နဲ့ CCTV ကင်မရာကိုတစ်ချက်ကြည့်လိုက်သလို ပြန်ထွက်ခါနီးရောက်မှာ အဆိုပါCCTV ကင်မရာကို အ၀တ်စနဲ့ဖုံးအုပ်လိုက်တာပါ။သူ့လောက်တုံးတဲ့သူခိုးရှိပါ့အုံးမလား…








