BEC-TERO TV

အကြိုဗိုလ်လုပွဲရောက်သွားတဲ့ မြန်မာယူ - ၁၅ အမျိုးသမီး

17 May 2017     1,863 Views


မြန်မာ ယူ-၁၅ အမျိုးသမီး အသင်းဟာ အာဆီယံ ယူ-၁၅ အမျိုးသမီး ပြိုင်ပွဲရဲ့အုပ်စု နောက်ဆုံးပွဲစဉ်မှာမလေးရှား အသင်းကို ၄-၂ ဂိုးနဲ့အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိသွားပြီ ဖြစ်ပါတယ်။

အုပ်စုတွင်းကစားခဲ့ရာမှာ ထိုင်းအသင်းကိုရှုံးနိမ့်ပြီးကျန် ၃ပွဲစလုံးကိုအနိုင်ယူကာအကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာပါ။ Group A မှာတော့ မြန်မာအသင်းက အုပ်စုပွဲစဉ်လေးပွဲယှဉ်ပြိုင်ပြီးချိန်မှာ ရမှတ် ကိုးမှတ်၊ ဗီယက်နမ်အသင်းက ခြောက်မှတ်၊ လာအိုကသုံးမှတ်နဲ့  မလေးရှားအသင်းက ရမှတ်မရှိသေးပါဘူး။ 

မြန်မာအမျိုးသမီးအသင်းရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကိုတော့ မေလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ၄နာရီ (မြန်မာစံတော်ချိန် ညနေ ၃း၃၀) အချိန်မှာဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


17 May 2017     1,863 Views




RELATED

Most Popular of Football

Most Popular of Sport