အဖေ့ကိုချစ်သလို ကျွန်တော့်ကိုလဲ ချစ်ပေးကြပါဆိုတဲ့ ခင်လှိုင်ရဲ့သား နေရဲ
17 May 2017 1,584 Views

ပြည်သူချစ်တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ရဲ့သားဖြစ်သူ နေရဲက လက်ရှိမှာ “ရတနာပုံ” ဇာတ်လမ်းတွဲမှာ ကျောင်းသားတစ်ဦးအနေနဲ့ ပါဝင်ထားပြီး သူ့ရဲ့ပထမဆုံး ဇာတ်လမ်းတွဲဖြစ်ပါတယ်။
အသစ်တစ်ယောက်ဖြစ်တဲ့အတွက် မသိသေးသူတွေကို လူမှုကွန်ရက်ကနေ အသိပေးရပြီး ကောင်းတဲ့ကွန်မန့်လေးတွေ ပြန်ရတော့ ၀မ်းသာတယ်လို့ နေရဲကပြောပါတယ်။ ပရိသတ်အချစ်တော် ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲကို ပရိသတ်တွေက ခင်လှိုင်ရဲ့အသံနဲ့ ဆင်တယ်လို့လဲ ပြောကြပါတယ်။
ကိုယ်သရုပ်ဆောင်မယ့် ကာရိုက်တာကို လေ့လာမှုတွေလုပ်ပြီး ကိုယ်ချင်းစာစိတ်ထားပြီး သရုပ်ဆောင်ဖို့ ၊ စိတ်နဲ့ဝင်စားရတဲ့ အလေ့အထတွေကို အဖေဖြစ်သူ ခင်လှိုင်က သင်ကြားပေးတယ်လို့ နေရဲက ပြောပါတယ်။
ဒါ့အပြင် နေရဲက ဖခင်ဖြစ်သူခင်လှိုင်နဲ့အတူ ဇာတ်ကားရိုက်ဖို့လဲ အစီအစဉ်ရှိတယ်လို့ပြောပါတယ်။ အဖေ့ကိုချစ်သလို ကျွန်တော့်ကိုလဲ ချစ်ပေးကြပါလို့ နေရဲက ပေါ်ပြူလာ ဂျာနယ်ရဲ့ သတင်းတစ်ပုဒ်မှာ ပြောထားပါတယ်။

Credit : Popular Journal





