ပရိတ်သတ် မုန်းတာခံချင်ပါတယ်ဆိုတဲ့ သရုပ်ဆောင် အလင်းရောင်
17 May 2017 1,674 Views

ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ မော်ဒယ် သရုပ်ဆောင် အလင်းရောင် ဟာ ပရိတ်သတ်အမုန်းကို ခံချင်တယ်လို့ ပြောလာပါတယ်။
.jpg)
"လတ်တလောကတော့ ဒါရိုက်တာ ၀ိုင်း နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ ရုပ်ရှင်ကားရိုက်ကူးနေပါတယ်။ ဒီကားမှာ ပရိတ်သတ် အမုန်းခံရမယ့် ဇာတ်ရုပ်အနေနဲ့ သရုပ်ဆောင်နေပါတယ်။ ကျွန်တော်က ပရိတ်သတ်တွေနဲ့ စိန်ခေါ်မှုများတဲ့ ဇာတ်ရုပ် မျိုးကိုလုပ်ရတာ ပိုပြီး ကြိုက်တယ်။
အ၀တ်အစားကအစ အရမ်းရှုပ်ယှက်ခတ်နေတဲ့ပုံစံမျိုးတွေ ကျွန်တော် သုံးမထားဘူး။ ပြီးတော့ ကိုဝိုင်းရဲ့ သင်ပြမှုနဲ့ အကောင်းဆုံးကြိုးစားထားတဲ့အတွက် ပရိတ်သတ် မုန်းတာ၊ မမုန်းတာက ကျွန်တော့်ရဲ့သရုပ်ဆောင်မှုပေါ်မှာ မူတည်နေတာဆိုတော့ ကျွန်တော်ကတော့ ပရိတ်သတ်တွေရဲ့ အမုန်းခံချင်တယ်" လို့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ ပါတယ်။

Credit:Myanmar celebrity





