BEC-TERO TV

မိခင်မေတ္တာနဲ့ မြွေနဂါးကြီးကို အံတုခဲ့တဲ့ အမေနွားမကြီး

17 May 2017     1,688 Views


မွေးကင်းစ နွားပေါက်လေးကို ဧရာမမြွေနဂါးကြီ (anaconda) တစ်ကောင်က လုံးထွေးရစ်ပတ်ပတ်ပြီး မျိုနေတာကို လယ်သမားနှစ်ဦးက တွေ့ရှိခဲ့ပြီး မြွေကြီးကို ကြိုးများဖြင့် ရစ်ပတ်ကာ မမျိုနိုင်အောင် ကြိုးစားဆွဲဖယ်ခဲ့ပေမယ့် မြွေကအင်အားကြီးမားနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
 
လူတွေရဲ့ ကြိုးပမ်းမှုကို အနီးနားမှာ တစ်ချိန်လုံးကြည့်နေခဲ့တဲ့ မိခင်နွားမကြီးက လူတွေမစွမ်းနိုင်မှန်း သိတဲ့အချိန်မှာ ဒေါသတကြီးနဲ့ သူ့ရဲ့နွားပေါက်လေးကို မျိုဖို့ကြိုးစားနေတဲ့ မြွေကြီးကို တရပ်စပ် တိုက်ခိုက်ပါတော့တယ်။
 
မြွေကြီးရဲ့ ဦးခေါင်းပေါ် ခန္ဓာကိုယ်ပေါ်ကို ကဆုန်ပေါက်နင်းပြီး တိုက်ခိုက်သလို မြွေကြီးကလည်း ပြန်လည် တုံ့ပြန်ရန်မူတာကို ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ နွားမကြီးဟာ စိတ်ကြိုက်တိုက်ခိုက်ပြီး လယ်ကွင်းတွေဆီကို ပြန်ပြေးသွားတာတွေ့ရပါတယ်။
 
နွားငယ်လေးကတော့ မြွေကြီးရဲ့ ရစ်ပတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်က ပါရာဂွေးနိုင်ငံရဲ့ ကျေးတောရွာတစ်ခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
 

17 May 2017     1,688 Views




RELATED

Most Popular of Special or Others

Most Popular of NEWS