BEC-TERO TV

ရုပ်ဆိုးလို့ လှောင်ပြောင်သူတွေကို ပြန်လည် ချေပလိုက်တဲ့ ဗီယက်နမ်သူ

17 May 2017     2,562 Views


ရုပ်ဆိုးတာကြောင့် လှောင်ပြောင်ခံခဲ့ရတဲ့ ဗီယက်နမ်က အမျိုးသမီးတစ်ဦးဟာ ပလက်စတစ်ဆာဂျရီလုပ်ပြီးချိန်မှာ သူ့ကိုမုန်းတဲ့သူတွေကို ပြန်လည် ချေပခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် Kuok ဟာ သူ့ရဲ့ရုပ်ရည်ကြောင့် ထိုးနှက်တိုက်ခိုက်ခံရတာတွေကို အဆုံးသတ်လိုက်နိုင်ပါပြီ။

Kuok ဟာ ကျောင်းမှာဆိုရင်လည်း အတန်းဖော်တွေရဲ့ ၀ိုင်းပယ်တာကို ခံခဲ့ရသလို ဘွဲ့ရပြီးချိန်မှာလဲ ရုပ်ဆိုးလွန်းသူအဖြစ် သတ်မှတ်ခံရပါတယ်။ ပြိုင်ပွဲတွေ ၀င်ပြိုင်ရင်လည်း ပြိုင်ပွဲဝင်တွေက “သူနဲ့ လက်ထပ်မယ်ဆိုရင် ငါ့ရဲ့အလိုဆန္ဒတွေပါ ပျောက်ကုန်လိမ့်မယ်” ဆိုပြီးတောင် ပြောခံခဲ့ရပါတယ်။

နှုတ်နဲ့ လှောင်ပြောင်စော်ကားမှုတွေကို နှစ်များစွာ ခံခဲ့ရပြီးချိန်မှာတော့ Kuok ဟာ ဒေါ်လာ ၂ သောင်း အကုန်အကျခံပြီး ပလက်စတစ်ဆာဂျရီ လုပ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ခွဲစိတ်မှုဟာ ကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး Kuok ဟာ တမဟုတ်ချင်းပြောင်းလဲသွားခဲ့သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလဲ ရှိလာခဲ့ပါတယ်။

ခွဲစိတ်မှုလုပ်ပြီးနောက်ပိုင်းမှာ အချစ်ကိုလဲ ရှာဖွေတွေ့ရှိခဲ့သလို သူနဲ့အလုပ်အတူလုပ်တဲ့သူနဲ့ ခြောက်လကြာ ချစ်သက်တမ်းကုန်ဆုံးချိန်မှာ လက်ထပ်ခဲ့ပါတယ်။

Kuok ရဲ့ ပြောင်းလဲသွားတဲ့ ပုံတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။


17 May 2017     2,562 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment