ပြင်ထားတဲ့ နှာခေါင်းကို သွားပြန်စစ်ဆေးမယ့် ဆုပန်ထွာ
17 May 2017 1,509 Views

မင်းသမီး ဆုပန်ထွာက ခွဲစိတ်ပြုပြင်ထားတဲ့ နှာခေါင်းကို ပြန်လည်စစ်ဆေးဖို့ ကိုရီးယားကို ရောက်နေပါပြီ။ သူမသွားခင်မှာလဲ ပရိသတ်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
ဆုပန်ထွာရဲ့နှာခေါင်းက အရင်ကခွဲစိတ်ပြုပြင်ပြီးသားပါ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဆိုးလ်က ခွဲစိတ်ဆရာဝန်ကြီးတွေက သေချာ ပြန်လည်စစ်ဆေးပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
"Korea နိုင်ငံ Seoul မြို့မှာ အလှသွားပြင်မလို့ပါ။ ရန်ကုန်ကဆေးခန်းနံမည်က Grand Esta Myanmar Beauty Center ပါ။Korea ဆေးရုံက JW Plastic Surgery Center ဖြစ်ပါတယ်။ အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးသော Grand Esta ကိုကျေးဇူးအများကြီး တင်ပါတယ်ရှင်" လို့ ဆုပန်ထွာက အသိပေးထားပါတယ်။
မေသန်းနုကလည်း အလှအပလေးတွေ လုပ်ဖို့အတွက် ဆုပန်ထွာနဲ့အတူ ကိုရီးယားကို လိုက်သွားပါတယ်။ ပြန်လာရင်တော့ နှစ်ယောက်စလုံးကို ပိုပြီးလှလှပပနဲ့ မြင်တွေ့ရမယ် ထင်ပါတယ်။
Source : Duwun
Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်