ရန်ကုန်မော်တော်ယာဉ်လိုင်စင်များပြန်လည်ခွင်ပြုမည့် သတင်းထွက်ပေါ်
18 May 2017 1,466 Views

သတင်းများထွက်ပေါ်နေတဲ့ ရန်ကုန်မော်တော်ယာဉ်လိုင်စင်များ ပြန်လည်ခွင့်ပြုတော့မည့်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောကြားခဲ့သည်။ ထွက်ပေါ်လာတဲ့ သတင်းမှာ “ရန်ကုန်လိုင်စင် ပြန်လည်ပေးအပ်ရာတွင် ယခင်ကဲ့သို့ပါကင်စနစ်ဖြင့် မဟုတ်ဘဲ Free Permit(တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်) ဖြင့်ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း” လူမှုကွန်ရက်တွင် သတင်းများ ပျံ့နှံ့လျှက်ရှိတာပါ။
လက်ရှိကာလတွင် မော်တော်ယာဉ်ဈေးကွက် ကမောက်ကမဖြစ်စေရန် သတင်းဖြန့်ခြင်းသာဖြစ်နိုင်ကြောင်း၊ မော်တော်ယာဉ်ဈေးနှုန်း ကျဆင်းစေရန်သာ ရည်ရွယ်နေကြောင်း၊လက်ရှိမှာမော်တော်ယာဉ်ဈေးနှုန်းမြင့်တက်နေမှုအပေါ် အခုလို သတင်းမှား ထွက်ပေါ်ရန် ဖန်တီးနိုင်ခြင်းသာ ဖြစ်နိုင်ကြောင်းမြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းနြဲ့ ဖန့်ဖြူးရောင်းချရေး အသင်းချုပ် မှ လုပ်ငန်းရှင်များကဆိုထားပါတယ်။
Source: The Voice