BEC-TERO TV

ဖိနပ် size ကပြောပြနေတဲ့သင့် အကြောင်း

18 May 2017     1,823 Views


လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဆိုတာ မိသားစုဝင်တွေသာ အကဲခတ်နိုင်တာပါ။ တော်ရုံသူငယ်ချင်းတွေတောင် ကိုယ့်အကြောင်း အပြည့်အစုံသတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝခြားနားတာမျိုးမဟုတ်ပဲ တူညီတာမျိုးလေးတွေရှိတတ်ပါတယ်။ ဥပမာ- မိသားစုဝင်ထဲက ကိုယ်အမေနဲ့ ကိုယ်စရိုက်ချင်းဆင်ချင်ရင်ဆင်မယ်၊ သွေးအမျိုးအစားလိုက်ပြီး တူညီတဲ့သူ တစ်ယောက်နဲ့တစ်ယောက်ဆက်စပ်တာလေးတွေလည်းရှိနိုင်မယ်၊ မွေးနေ့ မွေးနံတူတဲ့သူတွေကြားမှာလည်း တူညီတဲ့အချက်တစ်ခုခုရှိမှာပဲလေ။ အခုလည်း ဖိနပ်ဆိုဒ်နဲ့ မှန်းပြောလို့ရတယ်ဆိုတာကိုပြန်လည်ဝေမျှပေးလိုက်ရပါတယ် ။

၃၅ နှင့်အောက်
 
ပြောရမယ်ဆိုရင်တော့ စွာကျယ်လေးတွေပေါ့။ အိမ်း.. သူတို့သဘောထားကောင်းနေရင် ဘာကောင်းသလဲမမေးနဲ့။ စားချင်တာစားဖို့ ပိုက်ဆံဘယ်လောက်ကုန်ကုန် ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်ချစ်သူရည်းစားကိုလည်း ဘာအနိုင်ကျင့်သလားမမေးနဲ့။ ဆိုးတာလည်းသူတို့ စိတ်ကောက်တာလည်းသူတို့ပဲ။ ဒါပေမယ့် သူတို့ပြုံးလိုက်ရင်လှတယ်။ ဆိုးတာတစ်ခုရှိတယ်။ အသံကတော့ နေမင်းနဲ့ နင်လားငါလားပဲ။
 
၃၆-၃၇
 
သူတို့တွေကတော့ တည်ငြိမ်သယောင်ဆောင်တတ်ကြတဲ့ အယောင်ဆောင်တွေ။ ပဲကလည်းဘာများသလဲမမေးနဲ့။ window shopping အားသန်ကြသူတွေဖြစ်သလို ချွေတာမယ်ဆိုပြီး အစားအသောက်အတွက်ပိုက်ဆံဖြုန်းနေကြသူတွေပါ။ လွတ်လွတ်လပ်လပ်နေတတ်သူတွေလည်းဖြစ်ကြပြီး ကိုယ်ချစ်သူကိုလည်း ချုပ်ချုပ်ချယ်ချယ်မေးလားမြန်းလားမလုပ်တတ်ပါဘူး။ ခန္ဓာကိုယ်မလှတောင် ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အလှတစ်ခုခုကြောင့် လူတိုင်းရဲ့ အားကျခံရသူဖြစ်နိုင်ပါတယ်။
 
၃၈-၃၉
 
သူတို့ကတော့ စကားကိုရေမွန်းအောင်ပြောကြသူတွေပါ။ ရယ်လိုက်ရင်လည်း စုန်းမကြီးအင်တာအဗျူးခံရတဲ့အသံတွေနဲ့ ရယ်တတ်ကြပါတယ်။ ခပ်ပေါပေါပေမယ့် သူတို့တကယ်တည်လိုက်ရင်လည်း လူရှိန်အောင်ပါပဲ။ fashion ဆန်တတ်သူဆိုရင်လည်းမမှားပါဘူး။ အချစ်ရေးနဲ့ ပတ်သတ်လာရင်တော့ ကြောင်နဲ့ကြွက်ပါပဲ။ အနုပညာဘက်ကို အားသန်ဝါသနာပါသူတွေဖြစ်ကြပါတယ်။ စေတနာထားတတ်ပေမယ့် အဖတ်မလုပ်ခံရရင် နောင်ဝေါင်ဝေါင်ရှေးတတ်ကြပါတယ်။
 
၄၀-၄၁
 
သူတို့တွေက အားငယ်တတ်သူတွေပါ။ တော်ရုံတန်ရုံအားငယ်လိုက်ပြီဆိုလည်း အားပေးစကားပြောသူ ပါးစပ်အမြှုပ်ထွက်ရလောက်အောင်ပါပဲ။ ဒါပေမယ့်လည်း အမြဲပြုံးြှဖီးနေတာလည်းသူတို့ပါပဲ။ အရာတစ်ခုခုကို စိတ်ရှည်သီးခံပြီးလုပ်ပေးတတ်တယ်။ စပ်စုအားကောင်းတာလည်း စုံထောက်ကတော်လို့ထင်ရ။ ကိုယ်ကြိုက်တာကိုယ်လုပ်ပြီးလောကကြီးကို ဂရုမစိုက်သူတွေဆိုရင်လည်းမမှားပါဘူး။ ဘာသာတရားတော့ ကိုင်းရှိုင်းကြပါတယ်။ အချစ်နဲ့ပတ်သတ်လာရင်တော့ တည်မြဲသူတွေပါ။ သူတို့ရှေ့ကြွားတာမျိုးတော့လုံးဝမကြိုက်ပါဘူူး။
 
၄၂ နဲ့အထက်
 
မပွင့်လင်းကြသူတွေပါ။ သူတပါးတစ်မျိုးထင်မှာကို အမြဲကြောက်လေ့ရှိတယ်။ ချေးတော့မများတတ်ပဲ ရှိတာလေးနဲ့ တင်းတိမ်နေနိုင်တယ်။ ကပ်စေးနည်းပြီဆိုလည်း နိုင်းလောက်ရှိတယ်။အရှက်လည်း ကြီးသလို ဒေါသထွက်လာရင်လည်း လူသူရှေ့မရှောင်ပြောတတ်တယ်။ ချစ်သူနှစ်ယောက်အကြားမှာတော့ ပြသနာဖြစ်လေ့ရှိပေမယ့် တစ်ရက်ထက်ပို မခွဲပါဘူး။ ကြောက်စိတ်ရှိနေပေမယ့် သတ္တိခဲလေးလိုဟန်ဆောင်တတ်ကြတယ်။အကြောက်ဆုံးက ပိုးဟပ်ပါ/
 
 ဖိနပ်ဆိုဒ်လေးတွေကနေပြောပြနေတဲ့ ကိုယ့်ရဲ့ အကြောင်းတွေ ဘယ်နှချက် တူလဲ ဆိုတာပြောသွားပါအုံး ။ 

 


18 May 2017     1,823 Views




RELATED

Most Popular of Special or Others

Most Popular of Life Style