BEC-TERO TV

ဇာတ်သဘင်ကိုငဲ့ပြီး ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့တဲ့ ဟန်ဇာမိုးဝင်း

18 May 2017     1,988 Views


စံပြသဘင်ကို ဦးဆောင်ရင်း ဇာတ်သဘင်လောကမှာ ပရိသတ်အခိုင်အမာရထားတဲ့ ဟန်ဇာမိုးဝင်းက ဇာတ်အဖွဲ့ကိုငဲ့ပြီး ဇာတ်ကားရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။

ရုပ်ရှင်ရိုက်ကူးတဲ့အခါ ဇာတ်ပွဲတွေကို နားနားပြီး ရိုက်ကူးရတာဖြစ်တဲ့အတွက် ဇာတ်သဘင် နဲ့ ရုပ်ရှင် နှစ်ဘက်မှာ ရုပ်ရှင်ဘက်လုပ်ရနိုး ၊ ဇာတ်သဘင်ဘက်လုပ်ရနိုးနဲ့ ဆုံးဖြတ်ရခက်ခဲ့တယ်လို့ ဟန်ဇာမိုးဝင်းကပြောပါတယ်။

ရုပ်ရှင်ဘက်ကိုခြေချပါက တစ်ယောက်တည်း သွားရမှာ ဖြစ်ပြီး ဇာတ်အဖွဲ့က လူ ၇၀ ကျော် ၈၀ ကျော်ကို ထားခဲ့ရမှာဖြစ်တာကြောင့် ဆယ်စုနှစ်တစ်ခုကြာလုပ်ပေးခဲ့ပြီး သူတွေအတွက် ဇာတ်သဘင်ကိုသာ ချေခြဖို့ ဆုံးဖြတ်ပြီး ရုပ်ရှင်ဘက်က Plan တွေကို ဖျက်သိမ်းလိုက်တယ်လို့ ဟန်ဇာမိုးဝင်းက ပေါ်ပြူလာဂျာနယ်ကို ပြောထားပါတယ်။

ဇာတ်သဘင်ကို ရွေးချယ်ခဲ့တဲ့အတွက်လည်း များစွာကျေနပ်ပါတယ်ဆိုတဲ့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းရဲ့ ဆုံးဖြတ်ချက်ကတော့ လေးစားစရာပါပဲ။

Source : ပေါ်ပြူလာ ဂျာနယ်


 


18 May 2017     1,988 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment