BEC-TERO TV

အရေပြားမှာဖြစ်တဲ့ ကင်ဆာဖြစ်နိုင်တဲ့ အဖုအကျိတ်တွေအကြောင်း

18 May 2017     3,759 Views


အရေပြားမှာ အဖုအကျိတ်တွေဖြစ်နေတာဟာ အာရုံကြောဖွဲ့စည်းမှာရှိနေတဲ့ ဆဲလ်တွေရဲ့ မူမမှန်တာကြောင့် ဖြစ်တဲ့ရောဂါပါ။ Neurofibromatosis လို့ခေါ်ပါတယ်။ အဖုအကျိတ်ရောဂါလို့ပဲ ပြောကြပါတယ်။ အဖုအကျိတ်မှာ သာမန်အဖုအကျိတ်ရှိသလို ကင်ဆာအဖုအကျိတ်တွေလဲ ရှိပါတယ်။ ကင်ဆာဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ခြေနည်းပါတယ်။
 
ဒီရောဂါဟာ အရေပြားအပြင် ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းမှာလဲ အဖုအကျိတ်တွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ မျိုးရိုးဗီဇလိုက်ပြီး ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။
 
ဒီရောဂါက ချိုင်းမှာ ၊ ခါးမှာ ၊ ခါးနောက်မှာ အစရှိသဖြင့် အဖုလေးတွေဖြစ်လာမယ် ၊ တဖြည်းဖြည်းများလာမယ် ၊ ကြီးလာမယ် ဆိုတော့ သိသာပါတယ်။ မျိုးရိုးဗီဇကြောင့်ဖြစ်တာဆိုတော့ ကာကွယ်ဖို့တော့ မလွယ်ပါဘူး။
 
ကိုယ့်ရဲ့မိတွေထဲမှာ ဒီလိုမျိုးဖြစ်ဖူးတယ်ဆိုရင်တော့ စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ လုပ်ထားသင့်ပါတယ်။
 
အဖုအကျိတ်ရောဂါနဲ့ ပတ်သတ်ပြီးတော့ ဒေါက်တာ ကျော်စွာဦးက Health Fix မှာ သေချာ ရှင်းပြသွားတာဆိုတော့ ဗီဒီယိုမှာ ဆက်လက်ပြီးနားဆင်နိုင်ပါတယ်။

18 May 2017     3,759 Views




RELATED

Most Popular of Health Fix

Most Popular of Life Style